တရုတ်ကျေးဇူး မြင့်မိုရ်ဦး (သျှိုးလိုက်ရတု)
ကယ်ပါတိုင်းသား
နိုဝင်ဘာ ၂၈၊ ၂၀၁၂
တရုတ်ကျေးဇူးမြင့်မိုရ်ဦး အထူးသိတတ်စွာ။
ကျွန်တော်အောင်မင်း၊ အဆိုသွင်းသည်၊ ပြည်နှင်းဆပ်ကြပါဟု... သျှိုး။
လက်ပံတောင်းနှင့် တောင်ပေါင်းများစွာ။
ရှင်တော်ရွှေဘုန်း၊ တောင်ခေါင်းအုံးကာသာ။
ထုံးဖွေးဖွေးနှင့် အေးအေးလူလူ၊ စံတော်မမူကြပါနှင့်။ သျှိုး ။
ရွှေပြောင်ပြောင်နှင့် တောင်ပေါ်ဘုရားတို့လေ။
တောင်အောက်သင့်ရာ၊ ရွှေ့ကြပါဟုမိန့်စာပို့ပြီ ငါတို့ကျေးဇူးရှင်တွေဖို့ ...သျှိုး။
ဓာတ်ငွေ့လှိုင်ကြွယ်၊ ရခိုင်ရယ်တဲ့ရွှေနယ်။
ဓာတ်ငွေ့မသုံး၊ ပြည်လုံးမှောင်ကြီးကွယ်။
ကျေးဇူးရှင်များ၊တန်ခိုးထွားအောင် ပိုက်များသွယ်ကြီးသွယ်၍ ... သျှိုး။
ကချင့်ကျောက်စိမ်း၊ ကမ္ဘာဟိန်း။
ဟိန်းပါသော်လဲ၊ ဒို့ငမွဲနှင့်၊ တန်လဲတန်နိုင်ပါ။
ကျေးဇူးရှင်တို့၊ ဆင်ကြပါစေ၊ ကျောက်စိမ်းသွေးနှင့်၊ အေးပါစေဟု ... သျှိုး။
ချင်းတွင်းရယ်တဲ့သံလွင်
ဧရာဝတီလဲ ပါမည်ပင်
မြစ်မှန်သမျှ ဘတ်ကြိုးစင်
လျှပ်စစ်ထွက်ရင် တရုတ်ပြည်ပို့
သူ့ကုန်ချောမှ ဝယ်ကြစို့။
ကျေးဇူးရှင်တို့၊ ကြွေးဆပ်ဖို့... သျှိုး။
ရွှေတွေထွက်ပြီ တရုတ်ဆီ။
သစ်တွေထွက်ပြီ၊ တရုတ်ဆီ။
ဆန်တွေထွက်ပြီ၊ တရုတ်ဆီ။
သရက်တွေသီးပြီ၊ တရုတ်ဆီ။
ဖရဲတွေသီးပြီ၊ တရုတ်ဆီ။
ပဲတွေထွက်ပြီ၊ တရုတ်ဆီ။
ပြည်ကိုလဲယူ၊ လူလဲယူ၊ ကြည်ဖြူပါသည်၊ ကြည်ဖြူသည်ဗျ .. သျှိုး။

Comments