အလုံးစုံပြီးပြည့်စုံသော နာရေးကုသိုလ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၅၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၅၊ ၂၀၁၂
မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ခရစ်နှစ် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ (၃ဝ) ရက်နေ့တွင် နာရေးကူ ညီမှုအသင်း (ရန်ကုန်) မှ အသင်းသူ/သားများ၊ ဝန်ထမ်းများတို့မှ ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမစာရ၏ အကျွတ်အ လွတ်အဓိဋ္ဌာန်ကျင့်စဉ်အား (၂၁.၁ဝ.၂ဝ၁၂) ရက်နေ့မှစ၍ (၂၉.၁ဝ.၂ဝ၁၂) ရက်နေ့အထိ (၉) ရက်တိုင်တိုင် အဓိဋ္ဌာန်ကျင့်စဉ်ပြီးမြောက် အောင်မြင်ခဲ့သည့် နေ့ဖြစ်သည်။ (၃၁.၁ဝ.၂ဝ၁၂) ရက်နေ့ နံနက် (၃း၃ဝ) နာရီအချိန်တွင် ပြည်မြို့မှ ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသော မစာရ ကြွရောက်လာခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ ခေတ္တကျိန်းစက်အနားယူခဲ့ပြီး နံနက် (၆းဝဝ) နာရီအချိန်တွင် မြတ်စွာဘုရားရှင်အား သစ်သီးဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးဆက်ကပ်ခဲ့ပြီး ဆရာတော်ကြီးအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။ ထိုနေ့ နံနက် (၈းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နိဗ္ဗာန်မော်တော်ယာဉ်များအား အန္တရာယ်ကင်း မေတ္တာ ပို့ဆုတောင်းခြင်း ပြုလုပ်ခဲ့ပြီးနောက် သက်သတ်လွတ်ဆွမ်းဟင်းလျာများ၊ သစ်သီးများ၊ အချိုရည်များအား အသင်းသူ/ သားများ၊ ဝန်ထမ်းများ၊ ဆရာတော်ကြီး ၏ တပည့်ဒါယကာ၊ ဒါယကာမများ၊ ဆေးခန်းသို့လာရောက် ဆေးဝါးကုသ ကြသောလူနာများတို့နှင့် စည်ကားသိုက်မြိုက်စွာ ဆပ်ကပ်လှူ ဒါန်းခဲ့ပြီး ရွှေပေါက်ပင်ဆရာတော်ကြီးမှ ကြွရောက် လာကြသော တပည့်ဒါယကာ၊ ဒါယကာမများ၊ ဧည့်ပရိတ်သတ်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများအား အကျွတ် အလွတ်နှင့်ပတ်သတ်သော တရားဒေသနာအား ဟောကြားချီးမြှင့်ကာ ရေစက်သွန်းချ အမျှပေးဝေ၍ လောင်းလှူလိုက်သော သက်သတ်လွတ်ဆွမ်းဟင်းလျာများအား ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အား ကျွေးမွေး ဒါနပြုခဲ့ပါ သည်။
(သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့) ရက်မြတ်တွင်ပြုလုပ်ခဲ့သော ဤကောင်းမှုကုသိုလ်တော်သတင်းအား အချိန်နှင့်တပြေးညီ တင်ပြရမည်ဖြစ်သော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုသတင်းများသည် လွန်စွာ များပြားနေပါသဖြင့် ယနေ့မှ အကျွတ်အလွတ်ကောင်းမှုကုသိုလ်သတင်းအား တင်ပြရခြင်းအပေါ် ခွင့်လွှတ်မုဒိတာပွားနိုင် လိမ့်မည်ဟု မျှော်လင့်စွာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ကောင်းမှုကုသိုလ်အစုစုတို့အား အများပြည်သူ၊ ကမ္ဘာ့ ပြည်သူလူထုအပေါင်းတို့အား အမျှပေးဝေ လိုက်ရပါသည်။)
Comments