Letter to Moemaka

အနှိပ်ခန်းများနှင့် မြိုင်သာယာ (ပေးစာ)
ရာမညသား
နိုဝင်ဘာ ၁၆၊ ၂၀၁၂


မွန်ပြည်နယ် ပြည်နယ်ရဲမင်းကြီးအပြောင်းအရွှေ့သာဖြစ်ပေါ်လာသော်လည်း ပြောင်းလဲခြင်းမရှိပဲတည်ငြိမ်လျှက်ရှိသော မြိုင်သာယာရပ် ကွက်ရှိ အနှိပ်ခန်းများမှာ ဆက်လက်ဖွင့်လှစ်လုပ်ကိုင်လျှက်ပင်ရှိနေပါသည်။
  
မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်း၊ အမှတ် (၂၃) တွင် ဖွင့်လှစ်လုပ်ကိုင်နေသော ဂိမ်းဆိုင်ဗန်းပြအနှိပ်ခန်း၊ အမှတ်(၄၇) တွင်ဖွင့်လှစ် လုပ်ကိုင်နေသော ယခင်ထမင်းဆိုင်ဗန်းပြအနှိပ်ခန်းမှာ ယခုအခါ အရက်ဆိုင်ဗန်းပြအနှိပ်ခန်းအဖြစ်သို့သာ ပြောင်းလဲခဲ့ပါသည်။

ယင်းကဲ့သို့ ထမင်းဆိုင်ဗန်းပြအနှိပ်ခန်းမှ အရက်ဆိုင်ဗန်းပြအနှိပ်ခန်းအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်းကို သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိလူကြီးမင်းအပေါင်းတို့အားလည်းကောင်း၊ အွန်လိုင်းမီဒီယာများမှလည်ကောင်း အကြိမ်ကြိမ် အခါခါ အသိပေးတိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပဲယခုအခါ အရက်ဆိုင်ဗန်းပြ ဂိမ်းဆိုင်ဗန်းပြ အနှိပ်ခန်းများအဖြစ် ယခု နိုဝင်ဘာလ တစ်ရက်နေ့မှ စတင်ကာ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လာကြခြင်းဖြစ်ပါသည်။

မွန်ပြည်နယ် ပြည်နယ်ရဲမင်းကြီး အပြောင်းအလဲဖြစ်ပေါ်ခဲ့သော်လည်း ရှင်စောပုလမ်းသူလမ်းသားများမျှော်လင့်တောင့်တနေခဲ့သော လမ်းအတွင်းရှိ တရားမ၀င်အနှိပ်ခန်းများမှာ ကွယ်ပျောက်သွားခဲ့ခြင်းမရှိပဲ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လာကြခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ ပြည်နယ်ရဲမင်းကြီး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း ပြောင်းလဲသွားခြင်းမရှိသည့် မြိုင်သာယာရပ်ကွက်ရှိအနှိပ်ခန်းများမှာ ဖွင့်လှစ်မြဲ လုပ်ကိုင်မြဲ ပန်းပန်လျှက်ရှိဆဲပင် ဖြစ်ပါသည်။
    
ထိုကဲ့သို့  ပြည်နယ်တာဝန်ရှိလူကြီးမင်း အဆင့်ဆင့်အား အကြိမ်ကြိမ်အခါခါ တိုင်ကြားသော်လည်း ပိတ်သိမ်းပျောက်ကွယ်သွားခြင်းမရှိသည့် ရှင်စောပုလမ်းအတွင်းရှိ တရားမ၀င်အနှိပ်ခန်းများအား ပိတ်သိမ်းပျောက်ကွယ်သွားရန်မှာ ပြည်နယ်တာဝန်ရှိ အုပ်ချုပ်သူလူကြီးမင်းများအနေဖြင့် စွမ်းဆောင်နိုင်ခြင်းမရှိပါကြောင်း ယူဆရပါသဖြင့်

၁၊။ နိုင်ငံတော်သမ္မတနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တို့ထံ တရားဝင်တိုင်ကြားလွှာ ပေးပို့ရပါမည်လား၊
၂။ ဒီမိုကရေစီနည်းစနစ်နှင့်အညီ တရားမ၀င်အနှိပ်ခန်းများ ပျောက်ကွယ်စေရေးအတွက် တရားဝင်ဆန္ဒဖေါ်ထုပ်သောနည်းလမ်းကို အသုံးပြုရပါမည်လားဆိုသည်ကို လမ်းသူလမ်းသားအပေါင်းတို့မှ စဉ်းစားနေကြကြောင်း တင်ပြအပ်ပါသည်။
 

Comments