Lifestyle

ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင်နှင့် ခရိုနီများ
နိုဝင်ဘာ ၂၃၊ ၂၀၁၂


ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ‘’ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။

ဒါဆိုလျှင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart card လုပ် (စား)သူ (Cronies) များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် ( သိန်းပေါင်း၂၄၀၀၀) အသာလေးရသွားလေသည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . .

ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ Smart card ကို ဘယ်ကရသလဲ။ နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် တကယ် ဒီလောက်( သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်) ကုန်ကျသလား ဆိုတာပါပဲ။

ဒီ Smart card ကလည်းတကယ် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။ နိုင်ငံဝန်ထမ်း ပင်စင်စားများက မသမာ လုပ်ကြလို့လား . . .

ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။

အထူးသဖြင့် ဘ၀နေညိုချိန် နောက်ဆုံးရောက်ရှိတော့မည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား များကိုတော့ ချမ်းသာ ခွင့်ပေးလိုက်ကြပါဗျာ . . .

ဝါသနာ၊ စေတနာ၊ အနစ်နာခံ ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားများအတွက် ကိုယ်ချင်းစာ အသည်းနာရပါ သည်။

ref; ဒေါက်တာခင်မောင်ညို


ရင်းမြစ်အား ဤနေရာမှ ရယူပါသည်။ 

Comments

Anonymous said…
သိပ်မှန်တယ် ကျွန်တော်ဖေဖေ ပင်စင်စားကြီး လုပ်သက် ၃၂ နှစ် BC ကြီးပေါ့ဗျာ ခုတော့ မရှိရှာတော့ပါဘူး သူဘ၀မှာ ကျွန်တော်တို့ကိုတောင် စာတတ်အောင် မနဲသင်ပေးခဲ့ရရှာတယ် ချိုတဲ့ပြီး အ၀တ်ဆိုလို့ စုစုပေါင်း ၅ ထည်ဘဲရှိတာပါ ။ ဒီလိုတာဝန်ကို ကြေပွန်အောင်ထမ်းရင်း အထက်ကလာတဲ့ သားလောက်ရှိတဲ့ စစ်အရာရှိဟောင်း တွေရဲ့ အော်ငေါက်ခံရင် ၆၀ပြည်ပင်စင်ကနေ ခုတော့ မရှိတော့ပါဘူး . ..