Maung Luu Yae - Poem

လက်ပတောင်း
မောင်လူရေး
နိုဝင်ဘာ ၇၊ ၂၀၁၂



လက်ပတောင်းဟာ
ကြေးနီနဲ့ ဆေးမပီတော့ဘူး
သူ့သွေးတွေက သူ့မြေးတွေထိ
မစီးနိုင်တော့ဘူး
သူ့ခရီး ပြီးတော့မယ်
သူ့အလှ ကျတော့မယ်
သူ့အရိပ်က
သူ့ရွာကို စွန့်ပြီ….။

လက်ပတောင်း
တောင်ဖြစ်ပြီး ဝင်ကာနီးနေလုံးလို
တစ တစ
ကွယ်ပသွားတာ
ရင်နာနာနဲ့ငေး
ကြားဘူးလား “တောင်ငေးပွဲ”
လက်ပတောင်း
ဒီဝေါဟာရ
သေချာတယ်
မြန်မာအဘိဓာန်မှာ စကားလုံးသစ်ထွင်းတော့မယ်………။

Comments