Moe Sal - Poem

စိမ်းလန်းရေးဆုတောင်း
မိုးစဲ
နိုဝင်ဘာ ၆၊ ၂၀၁၂



ငှက်တွေက အုပ်ဖွဲ့ ပျံသန်းနိုင်ပြီး
ငါတို့က ဘာလို့ တယောက်ကျောကို
တယောက် ခုတ်ဖြတ် စားသောက်ချင်တာလဲ ...။

ရောင်နီတွေ ပြိုကျလာမဲ့လမ်းလေးမှာ
တယောက်လက်ကို တယောက်တင်းတင်းဆုတ်
ကိုယ့်အစာကို သူ့ကျွေး သူ့အနာကို ကိုယ်ကဖေး
စမ်းချောင်းလေးတွေ ပိုအေးပါစေတော့ ...။

မီးလောင်ပြင်ထဲမှာ အနာတရတွေကို မေ့နိုင်စွမ်းပေးတော်မူပါသခင် ....။
အာမင် ....။

သရုပ်ဖော်ပုံ ဤနေရာက ရယူပါသည်။

Comments