Naing Oo Nyo (Po Zero) - Let Pa Daung Taung Poem


လပြည့်လက်ဆောင်
နိုင်ဦးညို(ဖိုးဇီးရိုး)၊ နိုဝင်ဘာ ၃၀၊ ၂၀၁၂

ဆေးပေါင်းခရမယ့်
လပြည့်ည တန်ဆောင်မုန်းမှာ
ငြိမ်းချမ်းရေးဆု တံဆိပ်ပိုက်
ရူးရဲတဲ့ ငမိုက်သားတသိုက်
အလစ်အငိုက် တိုက်ခိုက်
ကြားရသူ လူသားအပေါင်း
မျက်ရည်တွေ ယိုစီးစေတဲ့
မိုးပေါ်ထောင် မပစ်ပါဘူး
မီးလောင်တိုက် သွင်းရုံပါဘဲ
အဲဒါ ပြည်ခိုင်ဖြိုးရဲ့
မေတ္တာလက်ဆောင်
အထူးစပယ်ရှယ်
မိတ်အင်ချိုင်နား
မျက်ရည်ယို …… ဗုံး ။   ။
(နိုဝင်ဘာ ၂၈၊ ၂၀၁၂)
(ဓာတ်ပုံ၊ ဖေ့စ်ဘွတ်၊ သလ္လာဝတီတိုင်းသတင်းစာမျက်နှာ၊ လက်ပံတောင်းတောင်ပန်းချီ)

Comments