Natural Umbrella


မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (တခါသုံးထီး)
နိုဝင်ဘာ ၂၉၊ ၂၀၁၂


အခု မြင်နေရတာကတော့ မွန်ပြည်နယ် ပေါင်မြို့နယ် တနေရာက ဓာတ်ပုံတွေ ဖြစ်ပါတယ်။
မိုးရွာတာကို တောင်ထန်းရွက်နဲ့ ခုခံကြသူတွေပါ။ တောင်ထန်းရွက် ဆိုတော့လည်း ဟိုဟိုဒီဒီသွားရင်း မေ့ထား၊ ပျောက်သွားမှာကို စိုးရိမ်ဖို့ မလိုတော့ပါ။

ဆေးတံနဲ့၊ ပုဆိုး စလွယ်သိုင်းနဲ့၊ အပြုံးနဲ့၊ သနပ်ခါးနဲ့၊ ခြေဗလာနဲ့ ပြီးတော့ တခါသုံးထီးနဲ့။
တောင်ထန်းရွက်ကို မွန်ပြည်နယ်မှာ အများအပြား တွေ့ရမှာပါ။ အလေ့ကျပေါက်တဲ့ တောင်ထန်းပင်ကို ကိုယ့်ဝင်းကိုယ့်ခြံထဲ စိုက်ပျိုးတတ်ကြတာကိုလည်း ကျေးလက်ဒေသမှာ တွေ့နိုင်ပါတယ်။
တခြားဒေသများမှာ အိမ်အမိုး မိုးဖို့ သက်ငယ်၊ ဓနိ တို့ကို အားကိုးကြသလို ဒီဒေသမှာလည်း မိုးမခဖို့အတွက် တောင်ထန်းရွက်ကိုသုံးကြပါတယ်။ တခြားပြည်နယ်တိုင်းတို့ကိုလည်း အိတ်စပို့လုပ်ပါတယ်။




သထုံက ရေအိုးစင်

ရန်ကုန် နဲ့ မိုးမခ

ပဲခူးက ငါးချဉ်

Comments