လူ့မိတ်ဆွေ စာအုပ်ဈေးရောင်းပွဲတော်
မိုးမခ
နိုဝင်ဘာ ၂၇၊ ၂၀၁၂
မိုးမခ
နိုဝင်ဘာ ၂၇၊ ၂၀၁၂
လူ့ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များကို
စာအုပ်စာပေများတွင် မကုန်ခမ်းနိုင်အောင်
လေ့လာဆည်းပူးနိုင်ခွင့်ရှိသည့်အလျောက် လူ့မိတ် ဆွေစာအုပ် (Book for All)
အမည်ရတဲ့ မန္တလေးစာအုပ်အရောင်းပွဲတော်တခုကို မန္တလေးတိုင်း၊
ချမ်းမြေ့သာဇံမြို့နယ် ၃၅ လမ်း၊ ၈၉ - ၉၀ လမ်းကြား ပြန်ဆက်ရုံးရှေ့တွင်
ပြုလုပ်ကျင်းပနေပါတယ်။
အဆိုပါစာအုပ်အရောင်းပွဲတော်ကို မန္တလေးခရိုင်
ပြန်ဆက်ဌာနမှ ဦးစီးပြီး
မြန်မာပြည်ကြော်ငြာလုပ်ငန်းကုမ္ပဏီလီမိတက်တို့မှလည်း ပူးပေါင်းပါဝင်ထားတဲ့
အသိပညာပေးစာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖြစ်ပါတယ်။
မြန်မာပြည် စာပေတိုက်မျိုးစုံက ထုတ်လုပ်ထားတဲ့စာအုပ်ပေါင်းမျိုးစုံကို ခင်းကျင်းပြသလထားလျှက်ရှိပြီး နိုဝင်ဘာ ၂၆ ရက်နေ့ကနေပြီး ၃၀ ရက်နေ့ထိ ခင်းကျင်းပြသ ရောင်းချသွားမှာဖြစ်ပါတယ်။
မြန်မာပြည် စာပေတိုက်မျိုးစုံက ထုတ်လုပ်ထားတဲ့စာအုပ်ပေါင်းမျိုးစုံကို ခင်းကျင်းပြသလထားလျှက်ရှိပြီး နိုဝင်ဘာ ၂၆ ရက်နေ့ကနေပြီး ၃၀ ရက်နေ့ထိ ခင်းကျင်းပြသ ရောင်းချသွားမှာဖြစ်ပါတယ်။
ရင်းမြစ် - ဤနေရာမှ ရယူသည်။
ဓာတ်ပုံ - ကိုဇော်မင်းလတ်

Comments