Shwe Bo Earth Quake Aftermath - View at Kyauk Myaung


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ မြင်ကွင်း
မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၁၅၊ ၂၀၁၂
နိုဝင်ဘာ ၁၁ ရက်က မြန်မာပြည်အလယ်ပိုင်း၊ ရွှေဘိုအခြေပြု ဖြစ်ပွားခဲ့သော ငလျင်ကြီးဒဏ်ကြောင့် မြို့ရွာ အဆောက်အအုံများ ပျက်စီးခဲ့ရာတွင် ကျောက်မြောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေနှုံးတိုး ဘုရားဝင်း နှင့် ပခမ်းအောင်မြေကျောင်းတိုက် ပျက်စီးမှုများကို ဒေသခံတို့က မီဒီယာထံ တင်ပြလိုက်သည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။ အိမ်ခြေများစွာ အကြီးစား ပြင်ဆင်မှုများလည်း ပြုလုပ်ရမည်ဟု ဆိုသည်။
            လက်ရှိတွင် မြို့နယ်အခြေစိုက် သုခါဝဟ လူမှုကူညီရေးအသင်းသို့ အများပြည်သူ၏ ၀ိုင်းဝန်းကူညီ လှူဒါန်းမှုများ ပြုလုပ်ကြပါရန် နှိုးဆော်ထားသည်ကို တွေ့ရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြှို့နယ် ၊ ကျောက်မြောင်းမြို့ ရှိ အခြေခံပညာ အထက်တန်းကျောင်း ငလျင်ကြောင့်ပျက်စီးမှုများ မည်သည့်မီဒီယာမှ ဖော်ပြမှုမရှိသဖြင့် ပေးပို့ပါသည်။

သုခါဝဟလူမှုကူညီရေးအသင်း
နာယက - ဆရာတော် ဦးကုမာရ ၀၉ ၄၉၂၇၄၂၇၂ 
ဘဏ္ဍာရေးတာဝန်ခံ - ဦးသိန်းဝင်း ၀၉ ၇၃၂၄၆၉၄၃ ၊ ၄၇၀၆၀၃၅၂

ကျောက်မြောင်း အခြေခံပညာအထက်တန်းကျောင်း ပျက်စီးမှုများ








ရွှေနှုံးတိုးဘုရား ပျက်စီးမှု များ





ပခမ်းအောင်မြေကျောင်းတိုက် ပျက်စီးမှု 


Comments