Sirimingalar Kahtain Pwe held 24th Nov

 
အော်ရီဂွန်၊ ပေါ့တလန်၊ သီရိမင်္ဂလာကျောင်း စုပေါင်းကထိန်သင်္ကန်းလှူဒါန်းပွဲ
မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၂၇၊ ၂၀၁၂
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းမှာ ၂ဝ၁၂-ခု၊ နိုဝင်ဘာလ(၂၄)ရက်၊ စနေနေ့က ကျင်းပပြုလုပ်တဲ့ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲရဲ့ မုဒိတာအလှ ကုသိုလ်ပုံရိပ်လေးများပါ။
ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲသို့ ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဝါရှင်တန်ပြည်နယ်၊ အော်ရီဂွန်ပြည်နယ်တို့မှ သံဃာတော်(၁၁)ပါးကြွရောက်ချီးမြှောက်ကြပါတယ်။ ကြွရောက်လာကြသော သံဃာတော်များနှင့်ဧည့်ပရိသတ်တို့အား အလှူရှင်များဖြစ်သော ။ မမော် ၊ ဇော်ဝင်း။ ကိုဇော်မျိုးသိမ်းမိသားစုတို့က ဆိတ်သားနဲ့ ကြက်သားဒံပေါက်။ ကိုကျော်စွာ မထွေးထွေးဝင်း မိသားစုတို့က သစ်သီးမျိုးစုံ။ အေးမြလှိုင်နှင့် နန်းနွမ်းမိုတို့က စိတ်တိုင်းကျလဘက်ရည်၊ ငှက်ပျောဆနွင်းမကင်း စသည်များဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုကြပါတယ်။

  

အေးချမ်းလှတဲ့ အော်ရီဂွန်ရဲ့ဆောင်းကာလမှာ မြန်မာမိသားစုများ အချင်းချင်း ကာယကံမေတ္တာ၊ ဝစီကံမေတ္တာများအတူ နွေးထွေးလှတဲ့စေတနာ မေတ္တာများလွမ်းခြုံ ထားလို့မို့ တကယ့်ကိုပဲ တူညီကြတဲ့ စေတနာတွေ၊ မေတ္တာတွေ၊ ကုသိုလ်တွေနဲ့ သာယာ ကြည်နူးစရာ နေ့လေးတစ်နေ့အဖြစ် ကုသိုလ်ရှင်တွေရဲ့ရင်ထဲမှာထင်ကျန်ရစ်နေပါတော့သည်။
ဓာတ်ပုံအယ်လဘန်ကို သည်မှာ ကြည့်နိုင်ပါသည်။

Comments