Thit Kaung Eain - Full Moon

လပြည့်ည
သစ်ကောင်းအိမ်၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၂

ဒေဝဒတ်ရဲ့ ကျီးမနိုးပွဲညမှာ
အမဲလိုက်ခွေးတွေကို ဆလိုက်ထိုးပေးလို့
ဇာတ်တူသားငါးအုပ်ရှိရာ
တံငါကိုကွန်ချက်ပြဖို့
လင်းပိုင်တကောင်လို ထပွက်နေတဲ့လရောင်မှာ
တန်ဆောင်မုန်းထိစောင့်ခူးခဲ့တဲ့
မယ်ဇလီဖူးတွေလည်း
ဆေးဖက်မဝင်တော့ဘူး…..

 (၁၁. ၂၈. ၂၀၁၂)

Comments