Time to go - Ko Khin Maung Toe (Lin Nwe Eain)


"အရွယ်လွန်ရွေ့လျားသွားတဲ့ ကိုတိုးကြီး"
လင်းနွေးအိမ်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂

၂၀၁၂ ရဲ့ ဟေမန္တဆောင်းဦးပေါက်က
ဂီတသူရဲကောင်းတယောက်ကို
သူ့ချစ်တဲ့ပရိသတ်ရင်ခွင်ကနေ ဆွဲထုတ်သွားခဲ့ပြီ။

"ခေါင်းလောင်းထိုးသံ သဲ့သဲ့လေးကြားနေတယ်" ကိုတိုးကြီးရယ်။
သူ့သီချင်းတွေနဲ့ ထောင်နံရံတွေကြားမှာ
မိစ္ဆာတွေရဲ့ခြိမ်းခြောက်သံကို အံတုခဲ့ရသလို
လွတ်မြောက်ရေးတိုက်ပွဲတွေမှာလဲ
"အရှုံးမပေးနဲ့မိငယ်ရေ" လို့ အားဆေးသွင်းခဲ့ရဖူးတယ်။

ညီအကိုတွေ ကစဥ့်ကလျားဖြစ်နေချိန်မှာလဲ
"ညီစေမင်း" နဲ့ လက်တွေမြဲစေခဲ့ဖူးတယ်။

အို … တေးသံရှင်
အသင်သီဆိုသော တေးသံဆန်းသစ်မှုကို
အာရုံစွဲအောင်ပင် လိုက်ဆို ညည်းကြည့်နေစဉ်
သံယောင်လိုက်သံလို ကြားနေသော်လဲ
တပါးသူတို့မှာကား
မကြားကြလေကုန်
မြုံနေကြစဲ။       ။

Comments