လကွေးကွေး
ညအေးအေးမှာ
ဘ၀မနွေးတနွေး
တခဏအတွေးဝယ်
ကြယ်တွေကလည်းမစုံသေး ...။
ငါ့အရေး
ငါ့အတွေး
ဘ၀အရေး
ဘ၀အတွေး
ဗမာ့အရေး
ကြွေကျကြတဲ့ကြယ်တွေလည်း ဝေးပေါ့။
ကြယ်တွေစုံတဲ့ည
ကြည့်လှချင်သေးပါ့
ဘ၀အေးဆေးမှာ
လကလေးကသာ
အလှသွေးကြွပါတဲ့
အဲဒီညကလေးမှာ
မင်းနဲ့ငါ
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာပေါ့ ...။ ။
(ဒေါ်စုရဲ့  “ဒီစတား” ဆောင်းပါးကိုဖတ်ရတော ကြွေကျခဲ့ကြတဲ့ကြယ်များကို အောက်မေ့လျှက်)
Comments