သတိရပါတယ် ဂျီးဇက်ရယ်
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဒီဇင်ဘာ ၂၃၊ ၂၀၁၂
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဒီဇင်ဘာ ၂၃၊ ၂၀၁၂
ဂျီးဇက် (Jesus) အရှင်ရယ်
သင့်ရဲ့ (God) ဘုရားသခင်ကို
ကျုပ်ရဲ့ ဖန်ဆင်းရှင်ပါလို့ 
မယုံကြည်နိုင်ပေမဲ့
ကျေးဇူးတော် အနန္တပါလို့ 
ပြောပေးပါနော်။
ကျုပ်တို့ ဘာသာဝင် အချင်းချင်းကြား
မထားနိုင်ကြတဲ့ မေတ္တာတရားများ
အသင့်ရဲ့ တပည့်တွေ ရင်မှာ
ပြည့်နက်ကာ ပွားနေကြတာ တွေ့ တော့
အလွန့် အလွန်ကို လေးစားမိတယ်။
ကျုပ်နေတဲ့ အမေရိကန်နိုင်ငံက
ပြည်သူတွေဆိုရင်
ဒုက္ခအထွေထွေ ပင်လယ်ဝေနေတဲ့
ကျုပ်တို့ တတွေကို
နွေးထွေးစွာ ကြိုဆိုရင်း
နေရာထိုင်ခင်းများ စီမံပေး
စားဝတ်နေရေးတွေ တာဝန်ယူ
ဘာမှကို ပူပင်ကြောင့်ကြကာ
ကြောက်စရာမလိုတဲ့
လွတ်လပ်သော ဘဝကို အပြည့်ပေး
ပညာရေးက အစ
အနာဂတ်အတွက် အိမ်မက်လှလှလေးတွေ
မက်လို့ ကောင်းအောင်တောင်
လုပ်ဆောင်ကာ ပေးနေကြသေးတယ်။
ဒါတွေဟာ သင့်မေတ္တာ ရှိန်အဝါတွေပေါ့။
၂ဝ၁၂ ခရစ်စမတ်ကာလမှာ
လျှပ်စစ်မီးရောင်စုံတွေ ဖြာဝေနေအောင်
ကျုပ်ဗုဒ္ဓဘာသာကျောင်းတော်မှာ
အနာဂတ်အတွက် အိမ်မက်လှလှလေးတွေ
မက်လို့ ကောင်းအောင်တောင်
လုပ်ဆောင်ကာ ပေးနေကြသေးတယ်။
ဒါတွေဟာ သင့်မေတ္တာ ရှိန်အဝါတွေပေါ့။
၂ဝ၁၂ ခရစ်စမတ်ကာလမှာ
လျှပ်စစ်မီးရောင်စုံတွေ ဖြာဝေနေအောင်
ကျုပ်ဗုဒ္ဓဘာသာကျောင်းတော်မှာ
ထွန်းညှိကာ မပူဇော် မပသပေမဲ့
တကယ်ပါ
အရှင့်ရဲ့ ကျေးဇူးတော် အဝဝကို
တကယ်ပါ
အရှင့်ရဲ့ ကျေးဇူးတော် အဝဝကို
အထူး သတိရနေမိပါရဲ့။
(၂၀၁၂-ခရစ်စမတ် အမှတ်တရ)
Comments