Background Story of Letpadaung Mining Protest - Motion DVD Magazine Vol 1 - Excerpt


လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းနှင့် ဒေသခံမြန်မာတို့ နောက်ခံဖြစ်ရပ်များ
Motion DVD Magazine Vol 1 က ရုပ်သံဆောင်းပါး ကောက်နုတ်ချက်
SF Burmese Community Organizers & Friends က ထပ်ဆင့်မျှဝေသည်
မိုးမခရုပ်သံ၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၂
နိုဝင်ဘာ ၂၉ ၊ ၂၀၁၂ မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်သပိတ်စခန်းကို အစိုးရက အကြမ်းဖက်ဖြိုခွဲလို့ ရဟန်း ရှင်လူများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယခုထက်ထိ လက်ပံတောင်းတောင် အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ သမ္မတရုံးဝန်ကြီးက နိုင်ငံတော်ကိုယ်စား သံဃာတော်များကို တိုက်ရိုက်တောင်းပန်ခဲ့ပါတယ်။ စာဖတ်သူများအနေနဲ့ ဦးပိုင်ရဲ့ ၀က်မှေး ၀မ်ပေါင် ကြေးနီစီမံကိန်းနဲ့ ဒေသခံမြန်မာတို့ရဲ့ အရင်းခံ မကြေလည်မှုများ၊ ပဋိပက္ခများကို မျက်မြင်လေ့လာ သိရှိနိုင်စေဖို့ ကိုဇာဂနာနဲ့ Home Entertainment ထုတ်လုပ်ရေးက ဖြန့်ချိခဲ့တဲ့ Motion DVD Magazine Vol 1 က သတင်းဆောင်းပါးကို ပြန်လည်ကူးယူ တင်ဆက်လိုက်ပါတယ်။

Comments