Cartoon on fire from Letadaung Crackdown to raise charity for injured monks and people from crackdown
လက်ပံတောင်းတောင်က မီးလောင်နေတဲ့ကာတွန်းများကို လက်ဆင့်ကမ်း လှူမည်
မိုးမခရွာဆော်ကြီး၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၂
SF Burmese Community Organizers & Friends က ပုံနှိပ် လက်ဆင့်ကမ်းမယ့် Cartoons on Fire from Letpadaung Crackdown ကာတွန်းစာစောင်လေးကို မိုးမခမီဒီယာက စုစည်းပြင်ဆင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ စာမျက်နှာ ၁၆ မျက်နှာ ကာတွန်းပုံ ၂၀ကျော်၊ ကာတွန်းဆရာများဖြစ်ကြတဲ့ အော်ပီကျယ်၊ အောင်ဆန်းကျော်၊ စောငို၊ မောင်ရစ်၊ ကူမိုးကြိုး၊ မျိုးကောင်း၊ ဘီရုမာ၊ လိုင်လုဏ်နဲ့ အိုကေလင်းတို့ရဲ့ သူတို့ဖေ့စ်ဘွတ်နဲ့ မိုးမခမှာ တင်ဆက်ခဲ့တဲ့ စေတနာလက်ရာတွေ ပါဝင်ပါတယ်။
SF Burmese Community မိသားစုများရဲ့ အများစုပေါင်းကောင်းမှုအလှူအဖြစ် လက်ပံတောင်းတောင် အကြမ်းဖက်မှုမှာ ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများကို ကျန်းမာရေးစောင့်ရှောက်မှုအထောက်အကူ ကောက်ခံလှူဒါန်းရာမှာ အလှူရှင်တွေကို ကျေးဇူးမှတ်တမ်းအဖြစ် သည်ကာတွန်းလက်ကမ်းစာစောင်လေး မေတ္တာလက်ဆောင် ပေးမှာ ဖြစ်ပါတယ်။ အလှူငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်)က တဆင့် ပေးအပ်လှူဒါန်းမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ အလှူငွေ ဒေါ်လာ ၂ ထောင်ခန့် ကောက်ခံရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင်က မီးလောင်နေတဲ့ ကာတွန်းလက်ဆောင်လေးကနေ အများပြည်သူ အလှူရှင်တွေရဲ့ စေတနာ မေတ္တာတွေကို အလင်းရောင်ပြန် ပေးနိုင်လိမ့်မယ်၊ ဝေဒနာခံစားနေသူ ရဟန်းရှင်လူတွေအတွက် ဆေးတစက်၊ ရေတပေါက် ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ အများပြည်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဆက်သွယ်ရန် လုပ်အားပေးသူတွေကတော့ …
ကိုဂျေစင် (510-402-7779)
ကိုစိန် (510-579-8506)
ကိုမောင်သက် (510-673-3509)
မနီနီသော် (408-205-3287)
မောင်ရစ် ( 415-595-1485)
ကိုမိုးကျော် (650-834-0184)
ကိုထွန်းမြတ်ဦး (415-571-6401)
ကိုတိုးလွင် (415-424-5811)
ကိုညီညီသန်း (510-940-3585)
ကိုဇာနည် (415-672-1626)
ကိုရှောင်န် (650-269-1165)
မမေမွန်
မအိအိ
ကိုသန့်ပြည့်

Comments