Dedaye Petrol Black Marketeer corrupts local authority

ဒေးဒရဲမြို့မှ ဆီမှောင်ခိုလုပ်ငန်း အာဏာပိုင်များ ပါဝင်ပတ်သက်နေဟုဆို
ဒေးဒရဲဇော်၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၂
ဒေးဒရဲမြို့တွင် ဆီမှောင်ခိုလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေကြကြောင်း
ဒေးဒရဲ ဒေသခံများကိုပြောပြသည်။
“ဒေးဒရဲမှာ ဆီမှောင်ခို အကြီးအကျယ် လုပ်နေတဲ့သူတွေက (၃) ဖွဲ့လောက်ရှိတယ်။ အစိုးရကို
တရားဝင် အခွန်မဆောင်ဘဲနဲ့ ဆီကို ထိုင်းနိုင်ငံဘက်ကနေ ဒေးဒရဲအရောက် ဒုံးကောင်တွေနဲ့  သယ်နေကြတာ။ အများစုကတော့ ဒီဇယ်ပါပဲ။ ဒီဇယ်က အစိုးရကို တရားဝင် (၁) ဂါလံ (၄၅၀) ကျပ် အခွန်ဆောင်ရတယ်။ ဒုံးသင်္ဘောအများစုက ဒီဇယ်ကို ပေပါတွေနဲ့ သယ်ကြတယ်။ သင်္ဘောတစ်စီးကို ပေပါ (၅၀၀)လောက်အထိ သယ်ဆောင်ကြတယ်။”
ဟု ဒေသခံတဦးက ဖုံးနှင့် ဆက်သွယ်ပြောဆိုသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့က ဒေးဒရဲမှာ တရားမ၀င် ဒီဇယ်တင်လာသည့် ဒုံးသင်္ဘော (၃) စီးကို ဖမ်းဆီးဖို့ ကြိုးစားရာတွင် ဒေသခံများနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှုမရှိတာကြောင့် မှောင်ခိုစက်လှေအားလုံး လက်လွှတ်လိုက်ရသည်။
ဒုံးသင်္ဘော (၁) စင်းက ဒီဇယ် ပေပါ အလုံး(၅၀၀)၊ ဒုတ်ယ ဒုံးသင်္ဘောတစ်စင်းက (၂၀၀)ကျော်
တတိယ ဒုံးသင်္ဘောတစ်စင်းက ဒီဇယ်ပေပါ (၁၅၀)ကျော် တင်ဆောင်လာကြောင်း၊  ဒီဇယ်ပေပါ (၁၅၀) တင်ဆောင်လာတဲ့ သင်္ဘောကို ဖမ်းဆီးစစ်ဆေးဖို့လုပ်နေစဉ် ကျန်မှောင်ခိုသင်္ဘော (၂) စင်းက မောင်းပြေးသွားကြောင်း၊ ဒီဖြစ်စဉ်မှာ ဒေးဒရဲနားက ထောင်မှူးချောင်အဖွဲ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။
“ဒီဇယ်တစ်ဂါလံ နိုင်ငံတော်အစိုးရကို (၄၅၀) ကျပ် အခွန်ပေးဆောင်ရပါတယ်။ နိုင်ငံတော်ကို အခွန်မဆောင်ချင်လို့ ဒီဇယ်ဆီကို အောက်လမ်းကနေ မှောင်ခိုတင်သွင်းရင် နိုင်ငံတော်နဲ့ ပြည်သူလူထုပဲ နစ်နာမှာပါ။ ဆီလုပ်ငန်းကို မှန်မှန်ကန်ကန် အခွန် ပေးဆောင်ပြီးလုပ်တဲ့သူတွေလည်း နစ်နာလှပါတယ်။ ဒေးဒရဲမှာ ဆီမှောင်ခိုလုပ်ငန်း အကြီးအကျယ်လုပ်နေတာကို သက်ဆိုင်ရာ
တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေ မသိမှာ မဟုတ်ပါဘူး။ သိကြမှာပါ။ ရဲတပ်ဖွဲ့ဝင်တွေ မသမာသူတွေ မဟုတ်တာလုပ်သမျှကို နှာစေးပေးနေရင်တော့ ဒီတိုင်းပြည်က ဘယ်တော့မှ ရှေ့ကိုရောက်မှာမဟုတ်ပါဘူး”
ဟု ဒေးဒရဲမြို့ခံတစ်ဦးက ပြောကြားလိုက်သည်။

Comments