Han Win - Burmese Migrant Workers abused by Thai Daily


ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ အနိုင်ကျင့်ခံရခြင်းက ကင်းဝေးကြပါစေ
ဟန်ဝင်း၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၂
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေဟာ မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး တွေလုပ်နေပါစေ မြန်မာအလုပ်သမားတွေကိုတော့ အလုပ်သမားအခွင့်ရေး လူ့အခွင့်ရေးတွေ ချိုးဖောက်နေဆဲဆိုတာကို တင်ပြလိုက်ပါသည်။
အောက်ပါဓာတ်ပုံထဲကအတိုင်း ထိုင်းနိုင်ငံတောင်ပိုင်း၊ စူပါချိပ်ကုမ္ပဏီမှ အလုပ်သမားတစ်ယောက်ကို ဒီဇင်ဘာ ၈၊ ၂၀၁၂ ရက်နေ့က အကြောင်းမဲ့ အလုပ်မှထုတ်ခြင်း ခံရပါတယ်။
မည်သည့် အကြောင်းကြောင့် အလုပ်မှ ထုတ်ခြင်းခံရသလဲ ဆိုတော့ တနေကုန် တနေခမ်း အလုပ်လုပ်သည့်ကြားက အလုပ်တွေ မပြတ်တန်း ခိုင်းလွန်းလို့  ဒီနေ့တော့ နားပါစေဆိုပြီး အခန်းကို ပြန် နားခဲ့ရာမှာ နောက်တနေ့မှာ သူဌေးက အလုပ်ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ သူတယောက်ထဲမဟုတ်ဘူး သူအမျိုးသမီးပါ အလုပ်မှထုတ်ခြင်း ခံရပါတယ်။
စူပါချိပ်ကုမ္ပဏီမှာ ဒီလိုမျိုး အလုပ်သမားတွေကို မတရား ခိုင်းစေပြီး မကြာခဏအလုပ်မှ ထုတ်လေ့ရှိပါတယ်။ ဒီလိုမျိုး အလုပ်သမားတွေကို အခွင့်ရေးတွေချိုးဖောက်ခံနေရတာကို မြန်မာအစိုးရတွေလဲသိစေချင်ပါတယ်။ ကျွန်တော် တင်ပြလိုက်သည်မှာ စူပါချိပ်ကုမ္ပဏီတစ်ခုတည်းပါ။ တစ်ခြားနေရာတွေမှာလဲ အလားတူ ဖြစ်ပျက်မှုတွေ အများအပြားရှိနေပါတယ်။
ထိုင်းအလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ဘယ်လောက်ထိ ခွဲခြားဆက်ဆံခံရသလဲ ဆိုရင် ကျွန်တော် ဟိုတယ်တစ်ခုတွင် အလုပ်သွားလျှောက်ပါတယ်။ အလုပ်သမားတွေကို ဧည့်သည်တွေက တစ်ပ် ပိုက်ဆံတွေ ပေးခဲ့ပါတယ်။ အဲဒီပိုက်ဆံကို အလုပ်သမားတွေရှိသလောက် ဝေမျှရပါတယ်။ ထိုင်းအလုပ်သမားတွေက ၁၀ ပုံ မြန်မာအလုပ်သမားတွေက ပုံပဲ ရပါတယ်။
လွန်ခဲ့သောတစ်လလောက်ခန့်က မြန်မာတစ်ယောက် ရနောင်းမြို့က ဖူးခက်ကို လာပါတယ်။ ကားလက်မှတ်တွေလဲ ရှိပါတယ်။ ရနောင်းအထွက်မှာ ထိုင်းစစ်သားတွေကားပေါ်မှာတက် စစ်ဆေးပါတယ်။ ထိုင်းလူမျိုးနှစ်ယောက် မတ်တပ်ရပ်နေတာတွေတော့ မြန်မာနှစ်ယေက်ကို ရပ်ခိုင်းပြီး ထိုင်းနှစ်ယောက် ထိုင်ခိုင်းလိုက်တယ်လို့ဆိုပါတယ်။
တစ်ခါတုန်းက စူပါချိပ်ကုမ္ပဏီမှ မြန်မာတွေ ရနောင်းမြို့သို့ passport သွားလုပ် ပါတယ်။ ကားပေါ်ကမြန်မာတစ်ယောက်ကို နာမည်ခေါ်တာ မကြားလို့ဆိုပြီး ထိုင်းစစ်သားတွေ ပုံစံပေးတယ် လို့လဲဆိုတယ်။
ထိုင်းတွေ အနိုင်ကျင့်တဲအကြောင်းကိုရေးမယ်ဆိုရင်တော့ ရေးလို့ကုန်မှာမဟုတ်ပါဘူး။ မြန်မာ အစိုးရနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေသည်ဆိုသော်လည်း မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းနိုင်ငံတွင်နေသရွေ့တော့ အနိုင်ကျင်ခံနေရမယ်ဆိုတာ တင်ပြရင်း မြန်မာအစိုးရလည်း သိစေချင်ပါတယ်။
ထိုင်းနိုင်ငံတွင်ရှိသော မြန်မာနိုင်ငံသားတွေ ထိုင်းလူမျိုးတို့၏ အနိုင်ကျင့်ခြင်းမှ ကင်းဝေကြပါစေ။

Comments