ဟင်္သာတမြို့က အမှိုက်ပုံမီး ကိုယ်ထူကိုယ်ထ ငြိမ်းသတ်ကြရ
ဟင်္သာတသား၊ မိုးမခဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၂
ဟင်္သာတမြို့ အ.လ.က(၁) နေရှင်နယ်ကျောင်းနောက်ဘက်ရှိ အမှိုက်ပုံကြီးတွင် ဒီဇင်ဘာ ၂၂ရက်နေ့ နံနက်(၆)နာရီခန့်က စတင်ကာ မီလောင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ ဟသာင်္တ၏ ဆက်သွယ်ရေးဖုံးစနစ်များအားလုံးကလည်း အလုပ်မလုပ်ဟု သိရသည်။
အမှိုက်ပုံမှာ မီးလောင်လွယ်သည့် လောင်စာများသဖွယ်ဖြစ်နေသောကြောင့် မီးတောက်မှာ တဖြည်းဖြည်း များလာကြောင်း၊ ဈေးထဲကလူများက ရေပုံး နှင့်ပက်၊ ဈေးထဲက မီးသတ်ပိုက်နဲ့ ပက်ကြဖို့လည်းပြင်ဆင်နေတာ တွေ့ရကြောင်း၊ မီးသတ်ကို အကြောင်းကြားထားသော်လည်း မလာရောက်သေးကြောင်း ထိုစဉ်က အခင်းဖြစ်ပွားနေပုံကို မြို့ခံတို့က ပြောကြားသည်။
ကျောင်းနှင့် နီးသဖြင့် ကျောင်းတွင်းက ရေနှင့်လည်း ပက်ပြီး ငြိမ်းသတ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။ နောက်ဆုံး မီးငြိမ်းသွားသော်လည်း မီးသတ်ကားနှင့် မီးသတ်အဖွဲ့ ရောက်မလာခဲ့ဟု သိရသည်။



Comments