Kama Pale - Earth is us


မြေကမ္ဘာဟာ ….ငါတို့ဖြစ်တယ်
 ကမာပုလဲ၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂
မနေ့ကတော့
ပန်းကလေးတွေက ဝေကာဆာကာ
ယဉ်ယဉ်ကျေးကျေး ဆံမြိတ်ချ
မိန်းမလှချင်းတောင် မနာလိုချင်စရာ
ငေးနေကြရပုံများနှယ်….

မာနတွေလည်း မကြီးခဲ့ပါဘူး
ချစ်ချင်းတွေကိုလည်း မတွန့်တိုခဲ့ဘူး
ပေးဆပ်ကုစားလိုတဲ့ စရဏတရား
နိမ့်ပါးသူတွေအပေါ်မှာ ….
ချစ်တတ်ကြသူချင်းသာ အသိဆုံးလေ။

သည်လိုမနက်ခင်းရဲ့ မျက်နှာမျိုးတွေနဲ့
တခါက အလှတွေ
ပျက်နေ စီးနေ လိုက်ပုံများ
အိုဘယ့် ….
မတွေးရက် မမြင်ရက်
မရှုရက်နိုင်စရာတွေသာ….

မြေနိမ့်ရာ လှံစိုက်သတဲ့လား
ဒီလိုသာ လွယ်လွယ်အရှုံးပေးနေတတ်ရင်
ဘ၀က သင့်ကို သရော်လိမ့်မယ်
ကြယ်တွေကြွေတာ မဆန်းပါဘူး
အရေးကြီးတာက
မဖေါက်မပြန် လွမ်းရဲဖို့ ။   

Comments