တနေ့မှာ ပြန်လည်ဆုံဆည်းကြဖို့ ...ချိန်းဆိုထားခဲ့တဲ့ ... အမေနဲ့ သား
ကမာပုလဲ၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၂
စာမတတ်တဲ့ မိန်းမကြီးက
တနေ့ သူ့သား ပြန်လာမှာကို သူသိတယ်
ဒါကြောင့် သူမသေခင်ကနေ သေသည်အထိ
တနေ့ သူ့သား ပြန်လာမှာကို သူသိတယ်
ဒါကြောင့် သူမသေခင်ကနေ သေသည်အထိ
သူ့သားပြန်လာရင် သားကိုတွေ့နိုင်ဖို့ အုတ်ဂူတလုံးစာ ငွေစုတယ် ...။
အဲဒီငွေစ ... သူတပါးမျက်ရည်စတွေ မပါဘူး
သူ့ချွေးနည်းစာ အိုစာမင်းစာကလေး ဓါတ်စာမစားဘဲ စုခဲ့သတဲ့ ...။
အဲဒီ အုတ်ဂူကလေး
သူ့ဇာတိမြေမှာ ရှိနေတယ်
သူမ ဂူထဲမှာ သူ့သား ပြန်အလာကို စောင့်လို့နေတယ် ...
သူမရဲ့ သား ... လမ်းမမှားပါဘူး
(သူမရဲ့ သား ... အိမ်ကို သိပ်ပြန်ချင်တာပေါ့)
ဒီလို အခင်းအကျင်းပျက်ကြီးနဲ့ ... အိမ်ပြန်ခဲ့ရင်
အုတ်ဂူထဲက ... မိန်းမ
သူ့အရိုးပုံကနေ ... တုတ်တချောင်းနဲ့ ထချလေမလား
သူ့သား .... အိမ်ပြန်လို့ ဖြစ်ကို မဖြစ်သေးဘူး ... ။
အဲဒီ တစပြင်မှာ ဇရပ်အိုကြီးတဆောင် ရှိတယ်
အဲဒီဇရပ်အိုကြီးနားမှာ ညောင်ပင်ကြီးတပင် ပေါက်ရောက် ရှင်သန်နေတယ်
အဲဒီညောင်ပင်ကြီးမှာ ညောင်သီးအတွက် ငှက်တွေ နားနားနေကြတယ်
ည ... ည ... လသာတတ်တဲ့ ည တွေမှာ ...
ခွေးလေ ခွေးလွင့်တွေက ... အလွမ်းအူသံ ရှည်တတ်တယ်။ ။
ကမာပုလဲ
၁၆၊ ၁၂၊ ၂၀၁၂

(Photo Credit - Dlugalay)

Comments