Kama Pale - Present


ချွေးစက် ... လက်ဆောင်
ကမာပုလဲ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၂

ဘ၀ ယဇ်ပလ္လင်ထက်မှာ
ကြိတ်ပြီးကျခဲ့ရတဲ့ မျက်ရည်စများ ...

ကျောက်စိမ်းစားပွဲပေါ်က ရွှေပန်းကန်ထက်
တစက်စက်နဲ့ ကြေကွဲမျက်ရည် ...

သနားတယ်မောင်
အဲဒီမျက်ရည် ... အပြစ်မဲ့သွေးတို့ စွန်းထင်းတယ်

နေပူစပ်ခါး စက်ရုံအလုပ်ရုံရနံ့
ပါးကွက်ကြားပေါ် ဖြတ်စီးလာတဲ့မြစ်များ
ခင့်နဖူးပေါ်မှ မြစ်ဖျားခံခဲ့တဲ့ အလွမ်းတွေ ...
လေညင်းကနေ … ပို့လိုက်တယ်။     ။

၅၊ ၁၂၊ ၂၀၁၂

Comments