ဝေဖန်ရေးဆိုတဲ့ ကိစ္စ
ကိုပေါက် (ကမာပုလဲ)
ဒီဇင်ဘာ ၃၊ ၂၀၁၂
ကိုပေါက် (ကမာပုလဲ)
ဒီဇင်ဘာ ၃၊ ၂၀၁၂
ဒီနေ့ ၈၈ မျိုးဆက်အဖွဲ့ကို ဝေဖန်နေတာက ဝေဖန်ဖို့ လိုအပ်နေလို့ဖြစ်တယ်။ ၈၈ မျိုးဆက်အဖွဲ့ဟာ မင်းကိုနိုင် (၈၈၈၈ ဗကသ) မင်းဇေယျ၊ ဌေးကြွယ် (၈၈၈၈ မကသ) ကိုကိုကြီး (သုံးချောင်းထောက် ဗကသ) ဂျင်မီ (မိုးသီဇွန်လူ့ဘောင်သစ်) တို့ကို မဏ္ဍိုင်ပြုပြီး ၂၀၀၇ စက်တင်ဘာ
သံဃာဦးဆောင် တော်လှန်ရေး မဖြစ်မီ ဖွဲ့ခဲ့ကြတယ်။ အခြေအနေတွေအရ ကျောင်းသားသမဂ္ဂမျိုးဆက်သစ်ကို ဗကသ သမိုင်းတာဝန်လွှဲပေးခဲ့ကြပြီ …၈၈ မျိုးဆက် ဖွဲ့တယ် ကောင်းပါတယ် .... သူ့ထူးခြားမှုနဲ့သူ ... သူ့ကိုယ်ပိုင် လက္ခဏာနဲ့ သူဖြစ်သွားပြီ ... ၂၀၀၇ မှာ ၈၈မျိုးဆက်က လူထုတိုက်ပွဲကို ဦးဆောင်ခဲ့တယ် ... ကောင်းတယ် ... လေးစားတယ် ... လူထုက သူတို့အူထဲ
အသည်းထဲကကို လက်ခံလိုက်တယ် ... ဟော ခု ပြန်ထွက်လာတယ် ပွင့်လင်းလုပ်မယ်ပြောတယ် NGO လိုင်းပဲ ... ဒီတော့ အင်ဂျီအိုဟာ
အင်ဂျီအိုလို စုဖွဲ့ပြီး အင်ဂျီအို နိုင်ငံရေးကို ပဲ လုပ်ရပါတယ် ... သတင်းသမား သတင်းနိုင်ငံရေးပဲ လုပ်ရတယ် အဲဒီလိုပေါ့ နိုင်ငံရေးဆိုတာက
စုပေါင်းလုပ်ကြရတဲ့ သဘောပါ ... အကျိုးစီးပွားဘက်တွေပေါ့ ... ရန်သူကရန်သူ့အကျိုးစီးပွားအတွက်လုပ်သလို အဖိနှိပ်ခံက အဖိနှိပ်ခံ
အကျိုးစီးပွားအတွက် လုပ်ကြတာပါ ... ဒီမှာတင် အကျိုးစီးပွားချင်းပဋိပက္ခဖြစ်တာပါ ... အဲဒီပဋိပက္ခကို ဘယ်လိုဖြေရှင်းကြသလဲဆိုတဲ့
ပုံသဏ္ဌာန်ကို တော့ ဖိနှိပ်ထားတဲ့ ရန်သူက ပြဌာန်းပါတယ။်
ကိုယ်ယုံကြည်ချင်တာကို ယုံကြည်ခွင့်ရှိပါတယ် ... ယုံကြည်တဲ့အတိုင်းလဲလုပ်ကြ ပြောကြ ရပ်ကြ ဝေဖန်ကြတာပါ ပဲ ... ခုချိန်မှာ ဘယ်သူ့ကို
ဘယ်အဖွဲ့အစည်းကို ဘာကို မဝေဖန်ရဘူးဆိုတဲ့ ပညတ်တော်က သိပ်လက်တွေ့မကျသလိုအလုပ်လဲ မဖြစ်ပါဘူး ...... ဒီတော့ အတိုက်အခံဘက်မှာ ခေါင်းဆောင်မှုအခန်းကို ယူခဲ့ကြသူတွေ သမိုင်းမှာ အဆက်ဆက်ပါ ... လျှောမွေးဖြစ်တာတွေရန်သူနဲ့ပေါင်းသွားတာတွေ ... လက်နက်ချတွေ တပုံတပင်ပါ ... ဒါသူတို့တန်ဖိုး သူတို့ အဆင့်ကို သူတို့အကျိုးစီးပွားကြည့်ပြဌာန်းသွားကြတာပါ ... ၈၈ ကိုဘာလို့ မဝေဖန်ရမှာလဲ ဝေဖန်ရမှာပေါ့ ...ဝေဖန်ရေးဟာ နိုင်ငံရေးရဲ့ အသက်ပဲ ...၈၈ ခုသွားနေတဲ့ လမ်းကြောင်းကပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ NGO လမ်ကြောင်းကို သွားနေတာဖြစ်တယ် ...ဒီတော့ ဗကသ သွားတဲ့ သမိုင်းအစဉ်အလာ လမ်းကြောင်းနဲ့ မတူတော့ဘူး ...
မတူလို့ သူတို့ကို အပြစ်မပြောပါဘူး ... ခုကြားနေမြင်နေရတာက ၈၈ ဟာ ဗကသရဲ့တိုက်ပွဲလမ်းကြောင်းမှာ မရပ်ခံဘဲ ကျောင်းသားလှုပ်ရှားမှု
လူထုတိုက်ပွဲတွေကို တခါက ဗကသ ခေါင်းဆောင်တွေဆိုတဲ့ ခေါင်းဆောင်းနဲ့ယောင်တောင်တောင် ဆရာဝင်ဝင်လုပ်နေတာ တွေ့နေရတယ် ... အဲဒီမှာ လက်ရှိဗကသမျိုးဆက်သစ်တွေနဲ့ ငြိကုန်တဲ့ အဖြစ်တွေ ကြားလာရတာပဲ .... နောက်တခုဆိုးတာက
“ကအဖ” ဆိုတာကို မြောက်ပေးနေတာပဲ ... ဒါ ကြားနေရတယ် နေရာ အနှံ့မှာ.လက်ရှိမှာ ကျောင်းသားသမဂ္ဂ ကျော်ကိုကိုတို့ကို တာဝန်လွှဲပေးရတော့မယ်လေ...အဲဒီလိုမဟုတ်ဘဲ တခါက ဗကသ ခေါင်းဆောင်တွေလို အတွေးမျိုး အလုပ်မျိုးအပြောမျိုးကို အိပ်မက် မက်ချင်နေတယ် ... ဒါပေမဲ့ ၈၈၈၈ ခေတ်ကလိုတိုက်ပွဲဝင်ကျောင်းသားရပ်တည်ချက်မျိုး မတွေ့ရတော့ဘူး ... မရှိတော့ဘူးနောက်တခုက သူတို့ကောက်ကိုင်နေတာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီးလက်ရှိ သိန်းစိန် သမတကို ယုံကြည်လက်ခံလိုက်တာပဲ ... နောက်ပြီး
“နောက်ပြန်လှည့်ချင်သူတွေ” ဆိုပြီး လုံးတုတ်နေတာ ဘယ်သူ့ကို ပြောတာလဲကြံ့ဖွတ်ဗိုလ်ချုပ်တွေလား ... ကာလုံတွေလား ... နိုင်ငံရေးမှာ
နည်းပရိယာယ်ကို လျှို့ဝှက်လုပ်သင့်ရင် လုပ်ရပေမဲ့ သေနင်္ဂဗျူဟာမှာအားလုံးသိအောင် လူထုသိအောင် ခင်းကျင်းပြရတယ် ... အဲဒါမှ အဖွဲ့အစည်းတခုရဲ့တက်တစ်နဲ့ စတာတက်ဂျီဟာ လူရိုသေ ရှင်ရိုသေ ယုံကြည်မှု ရှိခြင်းခံရမယ် ...ကိုယ့်စည်းရုံးရမယ့် ထုကလဲ ကိုယ့်ဖက် ရဲရဲ ရပ်ရဲမယ် ... ခုဟာကလုံးတုတ်ပြီး “နောက်ပြန်လှည့်ချင်သူတွေ” ဆိုတာ ခု ဆန္ဒပြတိုက်ပွဲဝင်နေရသူတွေကို ပြောနေသလိုလိုဖြစ်တယ် ...“ကိုယ့်တပ်ကိုယ်ပြန်နင်းတယ်” ဆိုတဲ့ စကားကြားဖူးမှာပေါ့ ... ဒီတော့ ယုံပါ... ယုံချင်တဲ့သူ ယုံပိုင်ခွင့်ရှိတာပဲ ... ဒီလိုပဲ ... ဝေဖန်ဖို့လိုလို့ ဝေဖန်မယ် ဆိုတဲ့ လူတွေမှာလဲ ဝေဖန်ပိုင်ခွင့်ရှိတယ် ...ဝေဖန်မှာပဲ ... အကျိုးသင့် အကြောင်းသင့် ဝေဖန်ရင် လက်မခံနိုင်စရာဘာရှိမလဲ ... နော ...ခုလဲ ကြည့်ဦး လက်ပန်းတောင်းတောင် အကြမ်းဖက်မှုမှာ ၈၈ က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ဖို့ စတောင်းဆိုတယ်မလား ... ဒေါ်စုက မုံရွာရောက်မှဖြစ်ပုံပျက်ပုံကြည့်ပြီး စုံစမ်းဖွဲ့ဖို့တောင်းဆိုတယ် ... ဒါ ၈၈ နောက်ကိုဒေါ်စုက လိုက်တောင်းတယ် ရပ်တယ်လို့မြင်ပါတယ် ...သိန်းစိန်ကလဲ နပ်ပါတယ်ဒီအဖွဲ့ဟာ သူ့ရဲ့ သူ့အစိုးရအတွက် မဟာ့မဟာ ခံကတုတ်ဖြစ်မယ် ...ဒီတော့ကောက်ဖွဲ့ပေးလိုက်တယ် ...ဒေါ်စုခေါင်းဆောင်ပေါ့ ... ၈၈ ကမင်းကိုနိုင် ကိုကိုကြီးပေါ့ ... ဒေါ်စုကလဲ ၈၈ ကို အားကိုးတာပဲ ...ဟောခုတော့ ... ဒီပွဲ မလှဘူး စားရမှာထက် တုတ်ချက်ကကြီးတယ် ဆိုပြီးမပါကြတော့ဘူး ထလုပ်တယ် တရားဝင် ... ဒေါ်စုခမျာ မင်းဆိုးမင်းညစ်တို့ရဲ့စုံစမ်းစစ်ဆေးရးကော်မတီမှာ ဆံထုံးမယ် တကိုယ်ထဲ ဖြစ်ရပြီ ...ဒါဟန်ချက်ပျက်တာပဲ ... ကိုယ်မပါ မလုပ်နိုင်ရင် အစက မတောင်းနဲ့ပေါ့ ...
တောင်းရင်လဲ ပြတ်ပြတ်သားသား အချက်အလက်တွေ ရေးတောင်းပေါ့ ...လောင်တိုက်သွင်းခံရတဲ့ ဘုန်းကြီးတွေတွေ့မှ ကြောက်အားလန့်အား ၀ူးဝူးဝါးဝါးထအော် ပြီးတော့ ကျနော်မပါဘူး ... ကျနော်မပါဘူး ထလုပ်တယ်
ဘယ်လောက်ရုပ်ပျက်သလဲ ... ဒီပုံစံနဲ့ဆိုရင်တော့ ... ၈၈အဝေဖန်ခံနေရဦးမှာပဲ ... အဲ မဝေဖန်တော့ဘူး ... ဝေဖန်နေစရာမလိုတော့ဘူး
ဆိုရင်တော့ ... ၈၈ ရေ ... ကြည့်သာနေတော့ ..
ကိုပေါက် ( ကမာပုလဲ)
စကတော့ ဒီပို့စ်မတင်ဘူးနေတယ် ... ဒါပေမဲ့ ခုတော့ တင်ချင်လို့တင်လိုက်တယ်.. ကိုယ်ပိုင်ပရိုဖိုင်းအစစ်နဲ့ ဖေ့စ်ဘွခ်အကောင့်ဖွင့်ပါတယ် ... ကိုယ်ရေးတဲ့ စာကိုလည်း ကိုယ် တာဝန်ယူပါတယ် ...။

Comments