Kyaw Home - Poem

ပေါင်းသင်နေ့စွဲများရဲ့ဇာတ်လမ်း
ကျော်ဟုန်း
ဒီဇင်ဘာ ၁၅၊ ၂၀၁၂

 
ငါတို့က ...
ငါတို့ရဲ့ ကိုယ်ပိုင်နေ့စွဲကိုတောင်
ဖွက်ထားနေရတုန်း အချိန် ..။

ရည်းစားဦးလို
ချစ်ခဲ့ရတဲ့ ဒိုင်ယာရီလဲပဲ
င - ငရုတ်စိမ်း စပ်ရှိန်းရှိန်းဖြစ်နေပြီ ...။

တထောင့်တည ပုံပြင်များကို
ဖုတ်သွင်းရထား ဆိုက်ကပ်ချိန်
မျက်စိဖွင့်လျက် ငါ အိပ်စက်ရဖူးပေါ့
မင်းတို့နဲ့ အတူတူ ...။

မာယာလူမျိုးတွေရဲ့
ဒီဇင်ဘာ ၁၂၊ ၂၀၁၂
ကမ္ဘာပျက် မပျက်
ငါတို့စိတ်မဝင်စားအား ...။

ဘာလို့လဲဆိုတော့
ငါတို့တင်ထားတဲ့ ဆိုင်းဘုတ်
အကြိမ်ကြိမ် ဆေးပြန်သုတ်နေရလို့။

Comments