Kyaw Home - Poem

အက်ဆစ်ပြင်းထဲက “ရွှေ”
ကျော်ဟုန်း
ဒီဇင်ဘာ ၂၁၊ ၂၀၁၂


ကမ္ဘာမြေဟာ နေခြည်နုနဲ့ မျက်နှာသစ်ပြီးစ
ငှက်ဆိုးတွေက ချေးပါချ ...။

ပင်လယ်အော်သံဟာ ရော့(ခ်)သီချင်းတပုဒ်ဖြစ်သွား
အာရုံစိုက် နားထောင်နေကြ အာလူးစားသူများ ...။

ရိုးရာတေးတွေ ဝိုင်းဖွဲ့ ဆိုသော သွေးနီးစပ်သူတွေကြား
မြေခွေးတအုပ် ဝိုင်းအူကြ ...။

ကြောင်ကို ချူဆွဲမပေးနိုင်သေးတဲ့ ကြွက်တွေ ဘဝ
လုံးချေထားတဲ့ စက္ကူပမာ ကြေမွ ...။

အဝိရောဓနာရဲ့ ဆွေမျိုးအရင်းခေါက်ခေါက်ကြီးကို
မယားပါ မွေးစားသားပါလို့  ဝိုင်းအော်သူ အော် ...။

ရှေးဆိုစကားကတော့ လမ်းဆုံးရင် ရွာတွေ့ မတဲ့
နိယာမအရတော့ ရွှေကို အက်ဆစ်ပြင်းထဲ ချခဲ့တယ်...။

ဒါ ...မထူးဆန်းပါဘူး
သူရဲကောင်းတွေ လုပ်နေကြ အလုပ်ပါ ...။         

(တရားမျှတတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးများအတွက်တိုက်ပွဲဝင်နေကြသောမြန်မာပြည်က ရဟန်း၊ရှင်၊လူ၊ ကျောင်းသား၊ ပြည်သူ သူရဲကောင်းများအတွက်)
Photo - Aung Htet

Comments