မီးငြိမ်းသတ်ပွဲအလှူ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၄၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဒီဇင်ဘာ ၄၊ ၂၀၁၂
၂.၁၂.၂ဝ၁၂ ရက်နေ့တွင်
နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် လိုအပ်လျှက်ရှိသော မီးသတ် ဆေးဗူးများနှင့်
မီးသတ်သမားသုံးပစ္စည်းများ (SmileExtinguisher)၏ လှူဒါန်းခြင်းနှင့်
လက်တွေ့မီးငြိမ်း သတ်ခြင်း သရုပ်ပြပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်
ကျင်းပပြု လုပ်ခဲ့သည်။ ၄င်းလက်တွေ့ သရုပ်ပြ မီးငြိမ်းသတ်ခြင်း၌ (Smile
Extinguisher)၏ အထွေထွေမန်နေဂျာ ဦးမောင်တိုးမှ မီးသတ်ဆေး ဗူးများ
ထုတ်လုပ်ပုံ၊ အသုံးပြုပုံနှင့် မီးသတ်ခြင်းနှင့်ပတ်သက်၍ သိသင့်သော
အထွေထွေဗဟုသုတများကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် (Smile Extinguisher)
ဝန်ထမ်းများမှ Smile မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းအား
သရုပ်ပြမီးငြိမ်းသတ် ပြသကြပြီး ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူ များ၊
ဝန်ထမ်းများတို့မှ လက်တွေ့မီးငြိမ်းသတ်မှုတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။
လတ်တွေ့သရုပ်ပြသမှု အပြီးတွင် ဦးကြည်စိုးဦး + ဒေါ်သီတာဦး မိသားစု (Smile
Extinguisher)မှ အလှူငွေ ၂ဝဝဝဝဝိ/- ကျပ်နှင့် (၁ဝ) သိန်းကျော်ခန့်
တန်ဖိုးရှိ မီးသတ်ဆေးဗူးများနှင့် မီးသတ်သမားသုံး ရဲဒင်း(ပေါက်ဆိန်)များ
လုံခြုံရေး ဖိနပ်များအား အထွေထွေမန်နေဂျာ
ဦးမောင်တိုးနှင့်ဝန်ထမ်းများတို့မှ ပေးအပ်လှူဒါန်းခဲ့ရာ နာရေးကူညီမှု
အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ
လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ယခုလှူဒါန်းသော မီးသတ်ဆေးဗူးများသည် ဓါတ်ဆီ၊ ဒီဇယ်၊ ဂက်(စ်)တို့အပြင် Chemical ကြောင့် လောင်ကျွမ်းသောမီးများအား အချိန် တိုအတွင်း လျင်မြန်စွာ ငြိမ်းသတ်နိုင်သော မီးသတ်ဆေးဗူးများ ဖြစ်သည်။ ထိုမီးသတ်ဆေးဗူးများအား နာရေးကူညီမှုအသင်း(ရန်ုကုန်)တွင် အသုံးပြုလျှက်ရှိသော နာရေး နိဗ္ဗာန်ယာဉ်များ၊ ဆေးခန်းအဆောက်အဦးနှင့် ရုံးအဆောက်အဦး၊ မော်တော်ယာဉ် စက်ပြင်ဌာနတို့တွင် တပ်ဆင်ထားရှိ၍ အသုံးပြုသွားမည်ဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မီးဘေးအန္တရာယ် ကင်းရှင်း ရေးအတွက် အမှန်တကယ် လို အပ်လျှက်ရှိသော မီးသတ်ပစ္စည်းများ လှူဒါန်းခဲ့သော မီးသတ်ဆေးဗူးများ ထုတ်လုပ်သော (Smile Extinguisher)အား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အထူးကျေးဇူးတင်ရှိပါ ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Comments