Letter to Moemaka

ငွေ ၁၀၀ မပေးနိုင်သဖြင့် သူငယ်တန်းကျောင်းသားတစ်ဦးအား အတန်းပိုင်ဆရာမက သံပေတံဖြင်ရိုက်နှက်သဖြင့် လက်ကျိုးအက်
မိုးမခပေးစာ
ဒီဇင်ဘာ ၁၃၊ ၂၀၁၂

 
 
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမက (၃) ကျောင်းမှသူငယ်တန်းကျောင်းသား မောင်ဇာနည်လမင်းကို အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲကြေး၁၀၀ ကျပ်မပေးနိုင်သဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် သံပေတံဖြင့်  ၂ ချက်ရိုက်နှက်လိုက်ရာ လက်ကျိုးအက်သွားခဲ့ကြောင်း သိရသည်။


ဆရာမနှုတ်ဆက်ပွဲအတွက် တစ်ရာကျပ် မပေးနိုင်သောကြောင့် အတန်းပိုင်ဆရာမက သံပေတံဖြင့်  ၂ ချက်ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက် ခံခဲ့ရ သူ မောင်ဇာနည်လမင်းက ပြောသည်။အခြားအတန်းတူ ကျောင်းသားများကလည်း ထိုသို့ရိုက်နှက်ခဲ့မှုကို တွေ့မြင်ခဲ့ရကြောင်းပြောသည်။


ဆရာမထံ အကျိုးအကြောင်းပြောပြခဲ့သော်လည်း ဆရာမက ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် သူမက တရားစွဲလို့ရသည်ဟု ဆိုကြောင်း၊ ၂၃.၁၁.၂၀၁၂ ရက်နေ့တွင်  ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း ကျောင်းသားမိ ဘကိုအောင်ဆန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍   ဆရာမအား ဆက်သွယ်မေးမြန်းရာတွင် ဘာမှ မပြောနိုင်ကြောင်း ပြောသည်။ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ နယ်ရဲ စခန်းသို့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဆက်သွယ်မေးမြန်းရာတွင် စခန်းမှ “ ဒီအမှုကို စခန်းမှာ အမှုမဖွင့်ထားပါဘူး။ပုံစံ က/စ နဲ့ သွားတာ။ တရားရုံးဦးတိုက်လျှောက်ထားတဲ့အမှုပါ” ဟု ပြောသည်။

မောင်ဇာနည်လမင်း၏ လက်မှာ ထပ်မံနာကျင်လာသဖြင့် နိုဝင်ဘာ ၂၆ ရက်တွင် စံပြဆေးရုံကြီး သင်္ယကျွန်းသို့ ထပ်မံတင်ပို့ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့အထိ ဆေးရုံ၌ ရှိနေဆဲဖြစ်ကြောင်း ကျောင်းသားမိဘ ကိုအောင်ဆန်းဝင်းက ပြောသည်။

● ဆက်သွယ်ရန်
ဦးအောင်ဆန်းဝင်း
၅/ငစန (နိုင်) ၀၀၁၉၈၆
အမှတ်(၁၀၂၉) ရှင်ထွေညိုလမ်း၊ အမှတ် (၁၄) ရက်ကွက်
ဒဂုံမြို့သစ်အရှ့ပိုင်း မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

Comments