Letter to Moemaka

မွန်ပြည်နယ် ရဲမင်းကြီး သိရှိစေရန်
KNS
ဒီဇင်ဘာ ၃၀၊ ၂၀၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းတွင် ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိသော အနှိပ်ခန်းဗန်းပြ ပြည့်တန်ဆာခန်းများအား မွန်ပြည်နယ် ရဲမင်းကြီးသိရှိပီး လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်စေရန် တင်ပြအပ်ပါသည်။

မြိုင်သာယာရပ်ကွက်အတွင်းရှိ
ရှင်စောပုလမ်းတွင် -             မ၀င်း၊ ခင်စိုး။
ရာဇဓိရာဇ်လမ်းတွင် -           မ၀င်း၊ တရုတ်လေး+အေမီအောင်၊ ဦးဇင်း။
တိုင်းရင်းဆေးရုံလမ်းတွင် -     ဥာဏ်လင်း၊ ရီရှိန်၊ မွန်အဖွဲ့အစည်း၊ ကတုံး+မပိုက်၊ စိုးမင်းအောင်၊ သိန်းစိုး၊ မချို။
တစ်လမ်းတွင် -                   ကိုလှမြင့်၊ မွန်မ။
သုံးလမ်းတွင် -                    ပီတာ။
လေးလမ်းတွင် -                  မျိုးနိုင်(ခ)မင်းကျော်ဇော။
အစရှိသောဆိုင်ကြီး (၁၆) ဆိုင်ခန့်အပြင် အခြားသောဆိုင်သေးများလည်း ဆယ်ဆိုင်အထက် ဖွင့်လှစ်လုပ်ကိုင်နေပါသည်။

အဆိုပါအနှိပ်ခန်းများမှာ ဆိုင်ရှေ့တွင် လူခေါ်သော အစောင့်လူငယ်လေးများ ထားရှိပီး ဖြတ်သွားဖြတ်လာ မိန်းမပျိုလေးများအား စနောက် ခြင်း၊ ပျော်ပါးရန်လာရောက်သူမှန်း လမ်းအတွင်းနေထိုင်သူမှန်းမသိ ဖြတ်သွားဖြတ်လာ ယောက်ျားလေးများအား ဆိုင်အတွင်းဝင်ရောက် ပျော်ပါးရန် အတင်းမြူဆွယ်ခြင်း များကြောင့် ရပ်ကွက်အတွင်းနေထိုင်ကြသော အမျိုးကောင်းသားသမီးများမှာ ညအချိန်တွင် အပြင်သို့မထွက် ရဲလောက်အောင် ဖြစ်နေစေပါသည်။

ဆိုင်ရှင်များမှာလဲ ရပ်ကွက်အတွင်းနေထိုင်သူများအား အဖွဲ့အစည်းပေါင်းစုံကို ပေးကမ်းဖွင့်လှစ်ထားခြင်းဖြစ်သည်ဟုဆိုကာ ပတ်ဝန်းကျင်ရှိ ရပ်ကွက်သူရပ်ကွက်သား များအား ပမာမခန့် ဂရုမစိုက်စွာ ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိပါသည်။

ရပ်ကွက်သူ ရပ်ကွက်သားများမှ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း တိုင်ကြားသူကိုသာ စစ်ဆေးမေးမြန်းခဲ့ပီး တရားမ၀င်ဖွင့်လှစ်လုပ် ကိုင်နေသော အနှိပ်ခန်းဗန်းပြ ပြည့်တန်ဆာခန်းများအား ဖယ်ရှားရှင်းလင်းခဲ့ခြင်းမရှိပါ။

ထို့ကြောင့် မြိုင်သာယာရပ်ကွက်အတွင်းတွင် တရားမ၀င်အနှိပ်ခန်းများ ရော့နဲပပျောက်သွားခြင်းမရှိပဲ ပိုပိုများပြားစွာ ဖွင့်လှစ်လုပ်ကိုင် လာကြပါသည်။

အဓိကတာဝန်ရှိသူများဖြစ်ကြသော
၁။ ရဲအုပ်ဦးတင်ရှိန် (မြိုင်သာယာစခန်းမှူး)
၂။ ဒုရဲအုပ်ဟန်ဝင်းမိုး (နယ်ထိန်းအင်ချပ်)
၃။ ဦးစန်းမြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)
၎။ ဦးခင်မောင်ဝင်း (ရပ်ကွက်အုပ်ချုပ်ရေးမှူး) တို့မှာ မိမိတို့ လစဉ်လိုင်းကြေး ရရှိရေးကိုသာရှေးရှုပီး ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုလျှက်ရှိပါသည်။

ထို့ကြောင့် မွန်ပြည်နယ်ရဲမင်းကြီးအနေဖြင့် ရပ်ကွက်အတွင်းရှိ တရားမ၀င် အနှိပ်ခန်းဗန်းပြ ပြည့်တန်ဆာခန်းများ ပပျောက်ရေးနှင့် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူကောင်းကျိုးထက် ငွေမျက်နှာတခုတည်းကိုသာ ကြည့်တတ်သော အကျင့်ပျက်ဝန်ထမ်းများအား လိုအပ်သလိုအရေးယူနိုင်ရန် တင်ပြအပ်ပါသည်။

KNS

Comments