ပ န်း နဲ့ လူ
မောင်ရွယ်ရောက်
ဒီဇင်ဘာ ၂၂၊ ၂၀၁၂
မောင်ရွယ်ရောက်
ဒီဇင်ဘာ ၂၂၊ ၂၀၁၂
ပန်းတွေ
ပန်းအချင်းချင်း
ပြန်ပန်ပေးကြတဲ့နေ့ရောက်မှ
လူတွေ
လူအချင်းချင်းအပေါ်
လူစိတ်မွေးလာကြလေမလား.....။
ပန်းတွေ
ပန်းအချင်းချင်း
ရနံ့ပြန်ရှုတဲ့နေ့ရောက်မှ
လူတွေ
လူအချင်းချင်းအပေါ်
အကန့်မတူတာတွေကို မေ့နိုင်ကြလေမလား...။
..........
........
......
ပန်းတွေက
ပန်းအချင်းချင်း
ပြန်မနင်းခြွေတတ်ကြပေမယ့်
လူတွေကတော့
လူအချင်းချင်း
မသေသေအောင်
အတင်းခြွေတတ်ကြလေတယ် အမေ.....။

Comments