News in Brief,

ဒီဇင်ဘာလ (၁၄)  နောက်ပိုင်း နယ်စပ် မဲဆောက်တွင် ဖမ်းမည်
မဲဆောက်သားလေး
ဒီဇင်ဘာ ၅၊ ၂၀၁၂


ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အလုပ်သမားရုံးမှ လက်မှတ်လုပ်ပေးခြင်း လုပ်ငန်းကုန်ဆုံးသည့်နေ့ဖြစ်ပြီး ထိုနေ့မှစတင်ကာ နယ် စပ်မြို့ဖြစ်သော မဲဆောက်ရှိ စက်ရုံး၊အလုပ်ရုံများ ဈေးဆိုင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို အိမ်တိုင်ရာရောက် စစ်ဆေး ဖမ်းဆီးမည်ဟု သက်ဆိုင်ရာ ထိုင်းလုံခြုံရေး အရာရှိများက ဆိုပါသည်။  ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးတာဖြစ် တယ်လို့ လည်း ပြောပါတယ်။ ကြေငြာထားတဲ့အတိုင်း တာဝန်ယူထားတဲ့ ထိုင်းနိုင်ငံသား (အလုပ်ရှင်) လည်း ဥပဒေအရ ဒဏ်ငွေဆောင် ရမှာ ဖြစ်ပြီး လက်မှတ်မဲ့ အလုပ်သမားကတော့ ထောင်ကျမှာဖြစ်ပါတယ် ။ဒီနေရာမှာ ပြောစရာရှိတာက အခု ဒီဇင်ဘာလ (၁၄)  ရက်နေ့မကျော်ခင်ကတော့ (၁၂) ရက်ထောင်ချ ပါတယ်။ ကျော်ရင်တော့ ထောင် (၁) နှစ်ကနေ (၅) နှစ်အထိ ချလို့ရပါတယ်လို့ ပြောပါတယ်။ ကြော်ငြာလည်း ထုတ် ထားတယ်လို့ မဲဆောက်ရဲစခန်းမှ တာဝန်ခံအရာရှိတစ်ဦးက သေသေချာချာရှင်းပြတယ်လို့  မယ့်တောင်စက်ရုံးတစ်ရုံက တာဝန်ခံတစ်ဦး က ပြောပါတယ်။ အခုအခါ စက်ရုံ အလုပ်ရုံများကို ကြိုတင် အကြောင်းကြားထားပြီးဖြစ်ပါတယ်။

မြန်မာအလုပ်သမားများအနေဖြင့် ရရှိသောလစာမှာနည်းပါပြီး တိုးမလာပါဘူး။ နေထိုင်စားသောက်စရိတ်တို့က ကြီးမြင့်လာပြီး အလုပ် အကိုင်ရှားပါ လာချိန်မှာ နိုင်ငံကူးလက်မှတ် (၅၅၀၀) ဘတ်နဲ့ သွေးစစ်ခ (၁၉၀၀) အလုပ်သမားလက်မှတ် (၁၉၀၀)  နဲ့ စုစုပေါင်း ဘတ် ၉ ထောင်ကျော်  စာရွက်စာတမ်းဖိုး ပွဲစားခနဲ့ ဘတ် တစ်သောင်းကျော်ကုန် ကျလျှက်ရှိသောနေထိုင်ခွင့်ကို တစ်ရက် (၁၂၀) ရသော မြန်မာ အလုပ်သမားများအနေဖြင့် ပြုလုပ်ရန် လွန်စွာခက်ခဲပါတယ်လို့  ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုမျိုးမျိုးထွန်းက ပြောပြပါတယ်။

အလုပ်လုပ်ကိုင်ရာမှာလည်း စိတ်ထားဖြူစင်ပြီး ကိုယ်ချင်းစာတတ်သော ထိုင်းလုပ်ငန်းရှင်များအနဲစုရှိသော်လည်း အများစုမှာ အလုပ်သမား များအား မတရားခွဲခြားဆက်ဆံပြီး ဖိနှိပ်ခိုင်းစေကြသူများက များပါတယ်။ ထိုင်းနိုင်ငံက ပုလိပ်များဟာလည်း သူတို့နိုင်ငံသားမှားလည်း မှန်တယ် မှန်လည်း မှန်တယ်ဆိုတဲ့မူကို လက်ကိုင်ထားဆောင်ရွက်ကြတာမို့ ကျွန်တော်တို့ အမြဲအရှုံးနဲ့ဘဲ ရင်ဆိုင်ရတာပါ။ တစ်ချို့ဆိုရင် (၇) ရက်တစ်ပတ် အလုပ်လုပ်ပြီး ငွေရှင်းရမယ့်ရက်ကိုရောက်မှ ပုလိပ်ကို လက်တို့ဖမ်းခိုင်းပြီး လုပ်ခမပေးတဲ့အဖြစ်မျိုးဆိုတာကလည်း မကြာ မကြာ ကြားနေရပါတယ် ၊လို့ပြောပြပါတယ်။ အခုလို့ ဒီဇင်ဘာလ (၁၄) ရက်နေ့ကျော်လို့ ဖမ်းပြီဆိုရင်တော့ တစ်နေ့လုပ် တစ်နေ့ စားအလုပ်သမား တွေ အတွက် ဘယ်လိုဆက်လက် ရပ်တည် ရှင်သန်ရမလည်းလို့လည်း ပြောပြပါတယ်ခင်ဗျာ။

Comments