Saffron Song by Mar Mar Aye still lives on for Letpadaung Monks


လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း
မိုးမခ ပြန်လည်ဆန်းသစ်၊ ဒီဇင်ဘာ ၅၊ ၂၀၁၂
၂၀၀၇ စက်တင်ဘာ မြန်မာတပြည်လုံးက ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်စစ်အစိုးရက သံဃာတော်တွေကို ရက်ရက်စက်စက် နှိမ်နှင်း ဖြိုခွဲခဲ့တယ်။ အဲသည်တုန်းက ဂီတအနုပညာရှင် မာမာအေးက အသဲနာ ကမ္ဘာမကြေဆိုတဲ့ ခေါင်းစဉ်ပေးပြီး ရွှေဝါရောင်သံဃာတော်တွေကို ဂုဏ်ပြုကြည်ညိုတဲ့ သီချင်းနဲ့ ပူဇော်ခဲ့တယ်။
အခု အဲသည်သီချင်းရုပ်သံကို မိုးမခက ပြန်လည်တင်ဆက်လိုက်ပါတယ်။ လက်ရှိအစိုးရနဲ့ ဟိုတုန်းက စစ်အစိုးရ ဘာကွာခြားသလဲ။ ပြန်တွေးကြည့်ရအောင်။

Comments