Senior Politician U Htwe Myint to undergo surgery in Rangoon



ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ဆေးရုံတက် ခွဲစိတ်
ဓာတ်ပုံကောက်နုတ်ချက်၊ စုစုနွေးဖေ့စ်ဘွတ်၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၂
ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ စုစုနွေးရဲ့ ဖေ့စ်ဘွတ်မှာ တင်ဆက်ထားတာကို ကူးယူတင်ပြလိုက်ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး(ဂျပန်ဆေးရုံ)မှာ ဆေးရုံတင်ထားရတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဘဘဦးထွေးမြင့်(ပြည်ပြေးထွေးမြင့်) ဆီကို ဒီနေ့ညနေစောင်းလေးမှာပဲ သွားရောက်ခဲ့ပါတယ်။ ဆေးရုံသစ်ကြီးရဲ့ ပထမထပ်၊အမျိုးသားခွဲစိတ်ဆောင်(၁) အစွန်ဆုံးအခန်းမှာပါ။
ပြင်းထန်တဲ့ ဆီးကျောက်ကပ်ရောဂါကြောင့် မနက်ဖြန်မနက်မှာ ခွဲစိတ်ခန်း ဝင်ရတော့မယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ဘဘကို နောက်ဆုံးမြင်ခဲ့ရတာ ဆိုတော့ဇရာကြောင့်ပဲလားမသိ ရုပ်ကတော့ အတော်လေး ကျသွားပါပြီ။ခြေထောက်တွေလည်း
ဖောရောင်နေပါတယ်။ ဒါပေမယ့် စိတ်ကတော့ ထက်နေဆဲပါ။
ကျမတို့ ရောက်သွားချိန်မှာတောင် ကုတင်ပေါ်ထိုင်နေလျက်က ဖုန်းတစ်လုံးနဲ့ နိုင်ငံရေးတွေ ဆွေးနွေး၊အကြံပေး၊ လှမ်းလုပ်နေပါသေးတယ်။ အာဂ ဘဘပါပဲ။ဘဘ အမြန်ဆုံး ပြန်လည် ကျန်းမာပါစေ .... (စုစုနွေး)

Comments