YouTube Rewind 2012



YouTube Rewind 2012 - သူရဲ့ လူကြိုက်အများဆုံး ယူကျုဗီဒီယိုများကို ပြန်ကြည့်ခြင်း
မိုးမခရုပ်သံ ကောက်နုတ်ချက်၊ ဒီဇင်ဘာ ၁၉ ၊ ၂၀၁၂
၂၀၁၂ မှာ ခေတ်အစားဆုံး ၀က်ဆိုက်တွေထဲမှာ ဖေ့စ်ဘွတ်၊ တွစ်တာ၊ ဂျီမေး၊ အိုင်ကျွန်း တို့နဲ့အတူ ယူကျုကလည်း ထိပ်ဆုံးကပါပဲ။ အဲသည် ယူကျုကနေ ပရိသတ်တွေကိုယ်တိုင်က ရုပ်သံတင်ဆက်ချက်တွေ ထုတ်လုပ်တင်ဆက်ခဲ့တယ်။ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့တယ်။ ပရိသတ်ကနေ တဆင့် မိမိအာဘော်တွေ ကမ္ဘာပတ်တယ်။ ယူကျု စူပါစတားတွေ အများအပြားထဲက ဟစ် ၁၀ သန်း၊ ၂၀ သန်း၊ သန်း ၃၀ ကျော်တဲ့ လူကြိုက်အများဆုံး ဟစ်တွေကို ယူကျုက ပြန်လည် remix လုပ်ပြီး အဲသည် ဟစ်တွေ လအလိုက် အများဆုံးကို တင်ဆက်ထားပါတယ်။

Comments