FFSS Yangon Activity,

ကမာရွတ် ရပ်မိ/ဖများတို့၏ မြတ်ဒါန
ကျော်ဟိန်း (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၃၀၊ ၂၀၁၃


ကမာရွတ်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် ဟံသာဝတီရိပ်မွန်အိမ်ရာမိသားစု၏ ၂ဝ၁၂ ခုနှစ်၊ ဆွမ်း သိမ်းအောင်ပွဲအဖြစ် စာပေဟောပြောပွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေပေးအပ်ပွဲ အခမ်း အနားတစ်ရပ်အား ၂၇.၁.၂ဝ၁၃ ရက်နေ့ ညနေ (၆းဝဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းစာပေ ဟောပြောပွဲတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ ဇာဂနာ (ခ) ကိုသူရနှင့် စာရေးဆရာ ညီမင်းညို တို့မှ ဟောပြောကြမည်ဖြစ်သည်။

 

ကမာရွတ်မြို့နယ်၊ ရပ်ကွက်သူ/သားများတို့မှ ပထမဆုံးအကြိမ် စုပေါင်းအလှူဒါနအဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် စုစုပေါင်း ၃ဝ၅ဝ၆၅ဝိ/- (သုံးဆယ့်ငါးသောင်းခြောက်ရာ ငါးဆယ်) ကျပ်တိတိ လှူဒါန်းခဲ့ကြသော အလှူရှင်အသီးသီးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အထူးဧည့် အသင်းသား/သူများဖြစ်ကြသော ကိုဆောင်းဦးလှိုင်နှင့် နန်းခင်ဇေယျာ တို့မှ ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ကိုဆောင်းဦးလှိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာ - နိုင်ငံတော်မှ နှစ်စဉ် လွတ်လပ်ရေးနေ့များတွင် လူမှုထူးချွန်ဆုပေးပွဲများတွင် သူကောင်းပြုဆုများ ပေးအပ် သည့်ပွဲတိုင်းတွင် ပြည်သူချစ်သော လူမှုရေးသမားများကို တစ်ကြိမ်တစ်ခါမှ ချီးမြှင့်ခဲ့ခြင်း မရှိသေးကြောင်း ထို့ကြောင့် ပြည်သူ့အတွက် တကယ်အလုပ်လုပ်နေကြသော ပြည်သူချစ်သော လူမှုရေးသမားများ အနေ ဖြင့် ဆုတံဆိပ်အား မမျှော်လင့်။ အကယ်၍ ရရှိခဲ့သည့်တိုင်အောင် ယူရမှာရှက်သဖြင့် ယူဖြစ်မည် မထင် ပါကြောင်းနှင့် လှူဒါန်းခဲ့ကြသော အလှူရှင်အားလုံးတို့အား ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ အလှူငွေများ လှူဒါန်းပေးအပ်ခဲ့ကြသည့် ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်သူ/သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Comments