ဟင်္သာတက ဂျီအက်စ်အမ်တွေ ဖုတ်လှိုက် ဖုတ်လှိုက်
ဟင်္သာတက ပေးစာ၊ ဇန်န၀ါရီ ၄၊ ၂၀၁၃
ဧရာဝတီတိုင်း ဟင်္သာတမြို့ က GSM MPT ခေါ် တယ်လီဖုံးဟာ ၂၄ နာရီ ဘာမှ ဆက်သွယ်၍ မရပါ။ တာဝန်ရှိတဲ့ ဟင်္သာတဆက်သွယ်ရေးက AE ဦးလှအောင်က တာဝန်အရှိဆုံးပါ။ ဖုံးတွေ မကောင်းတာ တစ်လကျော်ပြီ။ AE ဦးလှအောင်ခင်ဗျား … ပြင်ပေးပါအုံး။ ဆက်သွယ်ရေး တိုင်းမန်နေဂျာရေ … ဟင်္သာတခရိုင်ထဲက GSMတွေ လွှတ်ပစ်ရတော့မှာလား။ သက်ဆိုင်ရာကလည်း ထိရောက်စွာ အရေးယူပေးပါရန် တင်ပြအပ်ပါသည်။ (ဟင်္သာတသားများ)
Comments