မေ့မရတဲ့ ... ကဗျာ
ကမာပုလဲ
ဇန်န၀ါရီ ၂၂၊ ၂၀၁၃
ကမာပုလဲ
ဇန်န၀ါရီ ၂၂၊ ၂၀၁၃
၈၈၈၈ အရေးတော်ပုံကြီးရဲ့ သွေးခင်းလမ်းမမှာ
ခင်ဗျားတို့ဘ၀တွေ စိန်စီခဲ့ပြီလား ...
ပြောပါဦးဗျ ... မေတ္တာတရားအကြောင်းတွေ
ပညာတတ်လူလည်ကျနည်း အကြောင်းတွေ
လှလှပပ မျက်နှာပြောင်တိုက်နည်းအကြောင်းတွေ ...။
ဘယ်လိုပဲ သစ္စာဖေါက်ဖေါက်
ဘယ်ပုံပဲ ဒူးထောက်အညံ့ခံခံ
ရွှေကွပ်ထားလည်း အရုပ်က အရုပ်ပါပဲ ...။
အမေ့သားတွေဟာ
ခုထိစကားတိုးတိုးပြောနေရတုန်း ...
အုတ်ခုံထက်မှာ ဂစ်တာတလက်က ခုထိ ၀ိညာဉ်မဲ့နေတုန်း
သွေးစစွန်းပေနေတဲ့ ခွပ်ဒေါင်းအလံကလေး
ကျောင်းတက်ဖို့ စာသင်ကျောင်းပျောက်နေတဲ့ မနီကလေး
မနက်ဖြန်မှာ ...
(ဆရာ) တင်မိုးသေတာ ခြောက်နှစ်ပြည့်ပြီ ဖြစ်တယ်။ ။
Comments