သင်းကွဲငှက်တကောင်ရဲ့ ... တိုက်ပွဲဝင် ဘ၀တေး
ကမာပုလဲ
ဇန်န၀ါရီ ၂၄၊ ၂၀၁၃
ကမာပုလဲ
ဇန်န၀ါရီ ၂၄၊ ၂၀၁၃
အရှိအတိုင်း ကြေကွဲလိုက်စမ်းပါ ...
ဘယ်အသိတရားနဲ့မှ ထိန်းချုပ်လို့ ထားမနေနဲ့
မင့်နှလုံးသား လွတ်လပ်စွာ ငိုပါလေ ...။
တစက်ချင်းပဲ လိုက်လိုက် ...
တသွင်သွင်ပဲစီးစီး ...
အဲဒီ ယူကျုံးမရခြင်းတွေထဲ
မင့်အမည်နာမကို နှစ်မြှုပ်ထားလိုက်ပါ ...။
ဒဏ်ရာမရဘဲနဲ့ ဘ၀ဟာ မချိုမြိန်နိုင်ပါဘူးတဲ့
အဲဒီသေရာပါ ဒဏ်ရာတွေနဲ့
ကမ္ဘာကြီးကို အချစ်နဲ့ တည်ဆောက်ခဲ့ကြတယ်။ ။
Comments