ဝေဒနာ ခရေပွင့်
ကမာပုလဲ
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
ကမာပုလဲ
ဇန်န၀ါရီ ၂၆၊ ၂၀၁၃
ခရေတပွင့်မှာ
သမီးရဲ့ သနပ်ခါးရနံ့ကလေး စွက်လို့ ...။
ခေတ်ကိုပဲ စီးချင်းယှဉ်ထိုးရမလား
သမီးရဲ့ လူ့အဖြစ်ကိုပဲ ရင်နာရမလား ...။
ရှင်သန်ခြင်းတဲ့
ရက်စက်စွာ ပစ်ချထားတဲ့ ဥပေက္ခာများ ...။
လူတွေ ...
ခေတ်တွေ ...
စကားလုံးတွေ ...
အနုပညာပစ္စည်းတွေ ...
ဆုတံဆိပ်တွေ ...
တန်ဖိုးတွေ ...
အဲဒီ ခရေပွင့်ကလေးလို ရိုးဂုဏ်ရှိပါစ ...။
နာကျင်ရမှန်းမသိသေးတဲ့
သမီးကလေးရဲ့ တိုက်ပွဲဝင်ဘ၀ထဲမှာ ...
ကမ္ဘာကြီး လိပ်ပြာငယ်ခဲ့တယ် ... ။ ။
သမီးရဲ့ သနပ်ခါးရနံ့ကလေး စွက်လို့ ...။
ခေတ်ကိုပဲ စီးချင်းယှဉ်ထိုးရမလား
သမီးရဲ့ လူ့အဖြစ်ကိုပဲ ရင်နာရမလား ...။
ရှင်သန်ခြင်းတဲ့
ရက်စက်စွာ ပစ်ချထားတဲ့ ဥပေက္ခာများ ...။
လူတွေ ...
ခေတ်တွေ ...
စကားလုံးတွေ ...
အနုပညာပစ္စည်းတွေ ...
ဆုတံဆိပ်တွေ ...
တန်ဖိုးတွေ ...
အဲဒီ ခရေပွင့်ကလေးလို ရိုးဂုဏ်ရှိပါစ ...။
နာကျင်ရမှန်းမသိသေးတဲ့
သမီးကလေးရဲ့ တိုက်ပွဲဝင်ဘ၀ထဲမှာ ...
ကမ္ဘာကြီး လိပ်ပြာငယ်ခဲ့တယ် ... ။ ။
Comments