Kamar Pale - Poem

ထာ ၀ ရ
ကမာပုလဲ
ဇန်န၀ါရီ ၂၇၊ ၂၀၁၃


ငယ်စိတ်နဲ့ ခပ်ခဲ့တယ် ...
အတ္တများ ...။

အနိုင်ကျင့်ခံရခြင်းနဲ့ ခပ်ခဲ့တယ် ...
မျက်ရည်စများ ... ။

ရင်ခုန်မှုနဲ့ ခပ်ခဲ့တယ် ...
နွေဦး ရနံ့များ ...။

လက်ဖက်ရည်ဆိုင်ကလေးနဲ့ ခပ်ခဲ့တယ် ...
သမိုင်း ဖြတ်သန်းမှုများ ... ။

အမေ့မျက်ရည်နဲ့ ခပ်ခဲ့တယ် ...
ယုံကြည်ချက် ... လမ်းမများ ... ။

ချစ်သူနဲ့ ခပ်ခဲ့တယ် ...
ချေလို ... သတ်ချင်သလိုသာသတ်ကြတော့ ...
မင့်ကို ... မောင်ချစ်တယ် ... ။ ။

Comments