အရိုးသားဆုံး သီချင်း
ကမာပုလဲ
ဇန်န၀ါရီ ၂၈၊ ၂၀၁၃
ကမာပုလဲ
ဇန်န၀ါရီ ၂၈၊ ၂၀၁၃
ချစ်သူ ရောက်လာတဲ့အခါ ...
စစ်ပွဲတွေ အပြီးတိုင် ရပ်စဲသွားလိမ့်မယ်။
ချစ်သူ ရောက်လာတဲ့အခါ ...
မျက်ရည်နဲ့ ငိုဖို့မလိုတော့ဘူးပေါ့။
ချစ်သူ ရောက်လာတဲ့အခါ ...
အိပ်မက်တွေ ရုပ်လုံးပေါ်လာလိမ့်မယ်။
ချစ်သူ ရောက်လာတဲ့အခါ
ညတွေဟာ လရောင်နဲ့ လှနေမှာပေါ့။
ချစ်သူ ရောက်လာတဲ့အခါ ...
ကဗျာတွေဟာ ဂန္ထ၀င်ဂီတဖြစ်လာလိမ့်မယ်။
ချစ်သူ ရောက်လာတဲ့အခါ
ပန်းကလေးတွေ ဖူးကြပွင့်ကြမယ်ပေါ့။
ချစ်သူ ရောက်လာတဲ့အခါ ...
ကျနော့်ချစ်သူ ရောက်လာတဲ့အခါ ...
ကျနော်ရယ် ... ချစ်သူရယ် ... ရောင်စုံ တိမ်တိုက်တွေရယ် …
ဘ၀ရယ် ... တိုက်ပွဲရယ် ...တန်းတူညီမျှ ငြိမ်းချမ်းရေးရယ် …
ဒုက္ခရယ် ... ရင်ခုန်သံရယ် ... တရားမျှတ လွှတ်မြောက်ခြင်းတို့ရယ် …
သစ္စာတရားရယ် ... စိတ်ကောက်ခြင်းရယ် ... ပြန်လည်သင့်မြတ် ကြည်နူးခြင်းတို့ရယ် …
အနုပညာရယ် ... အချစ်ရယ် ... လူ့အဓိပ္ပါယ် ပြည့်ဝမှုတွေရယ် …
ပန်းခင်းကလေးရယ် ... စိုက်ခင်းပျိုးခင်းကလေးတွေရယ် ... မြေကမ္ဘာရယ်...
(ကျနော်ယုံကြည်တယ်) …
ကမ္ဘာကြီးဟာ မနာလိုချင်စရာကောင်းလောက်အောင် လှနေလိမ့်မယ်လို့။ ။
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။
Comments