ဘယ်အစိုးရတက်တက် မသာပဲချနေမည့်ကျော်သူ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၅၊ ၂၀၁၃
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၅၊ ၂၀၁၃
၃.၁.၂၀၁၃ နေ့တွင် ဓမ္မစေတီ ဆရာတော် ဦးကောသလ၏ (၅၁)နှစ်မြောက် မွေးနေ့နှင့် (၆၅) နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြု သောအားဖြင့် ဘာသာ၊ သာသနာ၊ စာပေ၊ ဂီတ အနုပညာဆိုင်ရာ စာပေဟောပြောပွဲအား ဓမ္မစေတီ ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ နာရေး ကူညီမှု အသင်း (ရန်ကုန်) ၏ဥက္ကဌ ဦးကျော်သူမှ ဆရာတော်ကို ကတိပေးထားသည့်အတိုင်း နေမကောင်း သည့်ကြားမှ တက်ရောက် ဟောပြောခဲ့သည်။ အသင်း၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်မှုပုံရိပ်များအား Projector Slide Show ဖြင့်ရှင်းလင်းပြသခဲ့ကာ ကချင်စစ်ဘေး၊ ရခိုင်လူမျိုးရေး ပဋိပက္ခ၊ မြစ်ဆုံကိစ္စ၊ လက်ပံတောင်တောင် ကိစ္စများတွင် သွားရောက်ကူညီမှုများကိုပါ ပြောကြားခဲ့သည်။ ဦးကျော်သူမှ မိမိတို့အသင်းသည် ပါတီ နိုင်ငံရေး လုပ်နေခြင်းမဟုတ်ပဲ လူထုအကျိုးပြုလုပ်ငန်း သက်သက်သာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ချို့တဲ့မှုသည် လက်ရှိ အုပ်ချုပ်နေသော အစိုးရ၏ အားနည်းချက်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးကျော်သူသည် (၅.၁.၂၀၁၃) တွင်လည်း မန္တလေး၊
ရွှေဘို၊ ကျောက်ဆည်၊ တောင်ကြီး၊ အင်းလေး စသော ဒေသများသို့သွားရောက်ကာ
နယ်ခံပရဟိတ သမားများ၏ ဖိတ်ကြားမှုကြောင့် သွားရောက်ကာ အယူသီးမှုတိုက်ဖျက်ရေး
ဟောပြောပွဲများအား သွားရောက် ဟောပြောဦး မည်ဖြစ်ပြီး အယူသီးမှုများ
ရဲရဲဝံ့ဝံ့ တိုက်ဖျက်ခဲ့သည်။ ထို့ကြောင့် ဆရာ ညီမင်းညို ရေးသားထားသော
နိုင်ငံရေး စကားတခွန်းမှ မပြောပဲ နိုင်ငံ့အရေး လုပ်တာ ပရဟိတ ပင်ဖြစ်သည်ဟု
ပြောကြားခဲ့သည်။ မည်သည့်အစိုးရပဲ တက်တက် ကျော်သူ မသာချနေမည်ဖြစ်ကြောင်း
ပြောကြားကာ ဟောပြောပွဲ အစီအစဉ်အား အဆုံးသတ် ပြီးချိန်တွင် ဆရာတော်မှ
လက်ဆောင် ပစ္စည်းများအား ပေးအပ်ကာ ဟောပြောပွဲ အစီအစဉ်အား အဆုံးသတ်ခဲ့သည်။











Comments