မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိအိုင်တီဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်း၏ ဌာနအတွင်းအလွဲသုံးစားမှုများ
ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး
ဇန်န၀ါရီ ၁၉၊ ၂၀၁၃
ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး
ဇန်န၀ါရီ ၁၉၊ ၂၀၁၃
ထိုနောက် ပြည်နယ်မန်နေဂျာမှ ဆက်သွယ်ရေးပစ္စည်းထိန်းချုပ်ဖြစ်သွားသည့်အခါတွင်လည်း ထိုဌာနမှ အမျိုးသမီးအရာရှိ ဒေါ်အေးစန္ဒာ ၀င်းနှင့် ပူးပေါင်းပြီး ဌာနပိုင်ပစ္စည်းများကို အကြောင်းအမျိုးမျိုးပြကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ပါသည်။ သက်ဆိုင်ရာဌာနများက လိုအပ်၍ တောင်းခံသည့်ပစ္စည်းများကို အကြောင်းအမျိုးမျိုးပြ၍ ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ လိုအပ်သောပမာဏ အောက်လျော့၍ချပေးခြင်း၊ မပေး မဖြစ် ပေးရသည့်အခါတွင်လည်း အမျိုးစုံညှစ်ပြီး၊ ရစ်ပြီးမှ ပေးခြင်း၊ ဌာနပိုင် ၀န်ထမ်းအိမ်ရာများကိုလည်း လာဘ်ငွေ (၅) သိန်းရမှသာ နေ ရာချပေးခြင်း၊ မည်သည့်အကြောင်းကိစ္စမဆို မှန်ကန်စွာဆောင်ရွက်ပေးခြင်းမရှိဘဲ လာဘ်ငွေများရယူ၍ ဘက်လိုက်ဆောင်ရွက်ခြင်း စသည့်အကြောင်းအရာပေါင်းစုံနှင့် ဘက်ပေါင်းစုံမှအပိုဝင်ငွေများရှာကာကိုယ်ကျိုးအတွက်သုံးစွဲခဲ့ပါသည်။ထို့အပြင် ရရှိသောလာဘ် ငွေ များဖြင့် ကာရာအိုကေဆိုင်များသို့ သွားရောက်ခြင်း၊ တက်သစ်စမော်ဒယ်လ်များအား ခေါ်၍ပျော်ပါးခြင်း စသည့်မကောင်းသောကိစ္စများတွင် သုံစွဲခဲ့ပါသည်။
သို့ဖြစ်ပါ၍ အထက်လူကြီးအဆင့်ဆင့်မှ လိုအပ်သလို ပြင်းပြင်းထန်ထန် အရေးယူုဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်။
Comments