Letter to Moemaka

လောင်းကစားများနှင့်စီးပွားရှာနေသော အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း
မိုးမခပေးစာ
ဇန်န၀ါရီ ၂၇၊ ၂၀၁၃

 
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အတွင်း ၂. ၁. ၂၀၁၃ နှင့် ၁၉. ၁. ၂၀၁၃ နေ့များကရှေ့ဆောင်ရပ်ကွက် စာရေး ဦးရဲဝင်း နှင့် အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေတို့သည် ရပ်ကွက်အစွန် ဇီးကုန်း ဦးအေးကြူ ခြံထဲနှင့်ကျွန်းဦး ဦးသန်းစိုး ခြံထဲတို့တွင် ကြက်ဝိုင်း (၉) ကြိမ် ပြုလုပ်ကြရာ လောင်းကြေး ၅သောင်း မှ ၁သိန်းထိ ရှိခဲ့ပြီး ကျောင်းသားများပါဝင်နေကြသည့်အတွက် မိဘများက သားသမီးများ ၄င်းကိစ္စအပေါ်စိတ်ဝင်စားကြပြီးကလေးများပညာရေးထိခိုက်မည်ကို ပူပန်နေကြရသဖြင့် သက်ဆိုင်ရာတာဝန်ရှိဌာန၊တာဝန်ရှိသူများက စစ်ဆေးအ ရေးယူ ပေးနိုင်ပါရန် အင်တာနက်ကတဆင့် တင်ပြ တိုင်ကြားလိုက်ရပါသည်။
                    
 
တိုင်ကြားသူများလက်မှတ်ထိုးဇယားပူးတွဲတိုင်ကြားအပ်ပါသည်။

Comments