နှစ်ဆယ့်တနှစ်တာ မလေးရှားမှာနှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း - အပိုင်း (၃) နိဂုံးပိုင်း
မောင်လူဝေး
ဇန်န၀ါရီ ၈၊ ၂၀၁၃
မောင်လူဝေး
ဇန်န၀ါရီ ၈၊ ၂၀၁၃
ရဲ တွေနဲ့ ရှင်းရလင်းရတဲ့အခါ ပိုပြီးအဆင်ပြေမယ်၊ ဒါနဲ့တာဝန်တွေခွဲပြီး၊နောက်တနေ့အောင်ကျော်အေးဂျင့်ရှိတဲ့ဆီကိုသွားပြီးဆွေးနွေးပါတယ်။ နောက်ဆုံးတော့ အေးဂျင့်က ကျနော့်ကို ချိန်းလိုက်တာက အောင်ကျော် passport ထဲမှာကပ်ထားတဲ့ ပါမစ်သက်တမ်းတိုးတဲ့စာရွက်နဲ့အတူ passport က နောက်သုံးလေးရက်လောက်ဆိုရင်ထွက်လာပါပြီ.အဲဒီအခါအကိုကိုဖုန်းဆက်ခေါ်ပါမယ်.ဆိုတော့..ကျနော်လည်းအင်းအင်း ဆိုပြီး ..ထွက်လာခဲ့တယ်၊ ဒါကလည်းအေးဂျင့်လုပ်စားသူတိုင်းက ပြောနေကျစကားမို့ စောင့်ရတော့မှာပေါ့လေ။အခုမှပဲ ကျနော့်ဆောင်း ပါးအပိုင်း (၃) နိဂုံးပိုင်းလေးကို ရဲအဖမ်းခံလိုက်ရတဲ့ သူငယ်ချင်းအေးဂျင့်က ခေါ်မလားလို့မျှော်ရင်းနဲ့ ဒီဆောင်းပါးလေးကို ဆက်ရေးရ တော့တယ်။
ဒီလိုတွေပြောပြနေရတာကလည်း ကျနော်ရေးလက်စ ဆောင်းပါးအပိုင်း (၃) နိဂုံးပိုင်းလေးနောက်ကျရတဲ့အကြောင်းကို ပြောချင်တာ လည်းပါပါတယ်။
ဒုတိယအပိုင်း ( ၂ ) မှာ ပါတဲ့ မစိမ်းခက် (ABSDF) အဖွဲ့က ကျနော့်အိမ်ကိုခဏခဏလာတယ်၊ နောက်မင်းကျော်ကလည်း ကျနော့်ဆီကို ခဏခဏလာတယ်၊ မင်းကျော်လာတာက အန်တီစု အဖမ်းမခံရရင်က အန်တီခြံထဲမှာပဲ။ မန္တလေးက ပါပါလေးအငြိမ့်ဖြေဖျော်ခဲ့စဉ်က အငြိမ့် အခွေ ဗွီဒီယိုတိတ်ခွေကို အင်္ဂလိပ်လိုဘာသာပြန်ပြီး မလေးရှား မာဒေးကားကွင်းထဲမှာရှိတဲ့ မိုးလုံလေလုံခန်းမ ထဲမှာ အငြိမ့်က ကြမယ်၊ အဲဒီမှာ ပါပါလေးနေရာမှာ ကျနော်ပေါ့၊ မင်းသမီးရှိတယ်၊ နောက်လူပြက်တယောက်ကလည်းရှိတယ်၊ ကျနော်က အင်္ဂလိပ်လိုပြောရဲ ဆိုရဲဆိုတော့ ကျနော့်ကိုပါပါလေးနေရာကနေလူပြက် အလုပ်ခိုင်းတယ်၊ ကျနော်ကလည်း လုပ်မယ်ပေါ့။ ဒါနဲ့ အဲဒီဗွီဒီယိုတိတ်ခွေ ကို အင်္ဂလိပ်ဘာသာပြန်ဖို့ အမေရိကန်မှာရှိတဲ့ ဒေါက်တာ ဇော်ဝင်း နဲ့ ၊ နောက်တခွေက အင်္ဂလန်ကဒေါက်တာအောင်ခင်လား.မမှတ်မိတော့ဘူး။အင်္ဂလန်နဲ့အမေရိကန်ကို ကျနော်က PLAZA PHOENIX ကုန်တိုက်ကနေ ပါဆယ်နဲ့ပို့ပေးလိုက်ရတယ်။ နိုင်ငံရေးပျက်လုံးတွေကိုအင်္ဂလိပ်လို ပျက်ရမယ်လေ၊ ဒါမှ မလေးရှားမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးကနားလည်မှာပေါ့ ။ ဒီလိုနဲ့စောင့်နေရင်းနဲ့ အငြိမ့်ကိစ္စကအကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်တော့ပါဘူး၊
နောက် ..၁၉၉၆ .မှာ ပါမစ် တွေအသစ်ချပေးတော့ ပါမစ်တွေလျှောက်ကြရတယ်။ အဲဒီတုန်းက မလေးရှားက လ.၀.က. ဟာ ဒမန်ဆာရာ ဖက်မှာပဲ။ အခု PUTRAJAYA . ဆိုတာမရှိသေးဘူး။ ပါမစ်လျှောက်ကြရင်းနဲ့ တခါ မိုးတွေကြီးပြီးတော့ ရေတွေက အဲဒီ ဒမန်ဆာရာ မလေးရှား အင်မီဂရေးရှင်းအဆောက်အဦးထဲအောက်ထပ်ကို ၀င်တယ်ပြောတယ်။ ပါစ့်စပိုစ့် စာအုပ်တွေကရေစိုပြီးပျက်စီးကုန်တယ်။ နိုင်ငံခြားသားတော်တော်များများ ပါစ့်စပိုစ့်တွေပျက်စီးကုန်တာပေါ့လေ၊ ဒါနဲ့ စာအုပ်အသစ်ပြန်လျှောက်ရမယ်ဆိုတော့ ကျနော်လည်း သံရုံးကို သွားတာပေါ့။ အဲဒီတုန်းကမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံးက ဂျာလန်မင်းကောင်း ဖက်မှာ၊ အခုလက်ရှိနေရာမဟုတ်သေးဘူး၊ စာအုပ်တွေပြန်လျှောက်တော့ သံရုံးထဲက စာရေးမလား. အတွင်းဝန်လားမသိဘူး ...နံမည်ကိုတော့မှတ်မိနေတယ်၊ ကြည်ကြည်စိန် ..တဲ့ ... ရုပ်ဆိုးဆိုး ပိန်ညှောင်ညှောင်နဲ့၊ သွားကလည်းနဲနဲခေါ နေသေးတယ်၊ အဲဒီတုန်းက ကျနော့်သူဌေးက အခွန်တွေပါ သူပေးမယ်ပြောတယ်၊ သူဌေးလည်းလိုက်လာတယ်၊ ကျနော်က ဗမာလိုဒေါ်ကြည်ကြည်စိန်ကိုပြောတယ်၊ အမ ... .ကျနော့်အလုပ်လုပ်တဲ့ကုမ္မဏီကလည်း အခြေအနေက သိပ်မဟန်တော့ဘူး၊ ဒါကြောင့် ကျနော့်သူဌေးက အခွန် နဲ့ ပျောက်သွားတဲ့စာအုပ်ဖိုး သူပေးမယ်ပြောတယ်..အမက အဲဒါ ငွေကိုအရင်လက်ခံပေးလိုက်ပါ ။ အမက ငွေကို ကျနော့်သူဌေးမလေးတရုတ်ကပေးတုန်းမှာမယူရင် နောင်ဆို ရင် မသေချာဘူး .လို့ ကျနော်လည်းအသေအချာပြောပြတယ်၊ ရှင်းပြတယ်၊ မရဘူး၊ စာအုပ် အသစ်လာထုတ်မှ ငွေသွင်းရမယ်ချည်းပဲပြောနေတော့ ..ကျနော် ကပြန်မေးတယ်၊ ဟုတ်ပြီ ..အမကစာအုပ်အသစ်လာထုတ်မှငွေသွင်းရမယ်ဆိုတော့ ကျနော့်အတွက်စာအုပ်အသစ်ကရောက်လာမှာက ကြာအုန်းမယ်။ နောက်ပြီး စာအုပ်အသစ်ရောက်လာတဲ့အခါ ကျနော့်လက်ရှိတရုတ်သူဌေးက စက်ရုံကပိတ်လိုက်လို့မရှိတော့ဘူးဆိုရင် ....ကျနော်ဘယ်လိုလုပ်မလဲ..? မေးတော့ ...ကျနော်တို့မြန်မာသံရုံးအတွင်းဝန် ကြည်ကြည်စိန်ဆိုတဲ့ အမျိုးသမီးကကျနော့်ကို ..ပြောလိုက်ပုံက ... “ မသိဘူး “..ကျမ နဲ့ မဆိုင်ဘူး” ..တဲ့ ...အဲဒီတုန်းကတဲက ကျနော်တို့ မြန်မာစစ်အစိုးရ က တရုတ်ကို ကြောက်တယ်၊တရုတ်ဖက်က အမြဲတမ်းရပ်တည်ပေးတယ်ဆိုတာကို ကျနော်သိခဲ့ဖို့ကောင်းတာ.... ကျနော့်သူဌေးကတရုတ်ကိုး ...တရုတ်စိုက်ပေးရမဲ့ကျနော့်အတွက်ပိုက်ဆံကို မြန်မာစစ်အစိုးရသံရုံးက မယူဘူး..လက်မခံဘူး၊ တရုတ်လူမျိုးများမြန်မာအလုပ်သမားအတွက် ငွေစိုက်ထုတ်ပေးရမှာမို့ တရုတ်သူ ဌေး ငွေကုန်မှာကို စိုးတယ်နဲ့ တူပါတယ်။
အဲဒီက စပြီး မြန်မာသံရုံးကောင်းမှု့ကြောင့် ကျနော်တို့မြန်မာတွေ အိုဗာစတေးသမားဘ၀တွေကို ချက်ခြင်းလက်ငင်းရောက်ကုန်လိုက်တာဒုနဲ့ဒေး.. နောက် ..အော်ပရာစီလို့ခေါ်တဲ့နိုင်ငံခြားသားအဖမ်းအဆီးကလည်းများသထက်များလာတယ်။ ပါစ့်စပိုစ့်မရှိသူများ၊ ပါမစ်မရှိသူများကို..ဖမ်းထားပြီး camp ..ထဲမှာထားတယ်။ အဲဒီတုန်းက မြန်မာစစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဦးအုန်းကျော်လား ..ဦးအုန်းဂျော်လား ..မသိဘူး..မလေးရှားကိုလာတယ်၊
မလေးရှားကိုလာတော့ မလေးအစိုးရက ..စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးကို camp ..ထဲခေါ်ပြီးပြတယ်၊ သူတို့နိုင်ငံမှာ မြန်မာလူမျိုး၊ အမျိုးသမီးတွေရော၊ယောင်္ကျားလေးတွေရောတရားမ၀င်ရှိနေတာကိုခေါ်ပြတာပါ။ ပြရုံတင်မဟုတ်ဘူး ...camp ထဲ ရှိနေတဲ့ မြန်မာလူမျိုးအားလုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဦးအုန်းကျော်က ဗမာလိုမေးတယ်၊ ဗမာလူမျိုးတွေပဲ ..ဗမာလိုမေးတော့ ဗမာလိုကောင်းကောင်းရိုရိုသေသေနဲ့ပြန်ဖြေတာပေါ့၊ camp .ထဲရောက်နေတဲ့ မြန်မာလူမျိုးအားလုံးက နိုင်ငံခြားရေးဝန်ကြီးနဲ့စကားတွေပြောရလို့ နိုင်ငံခြားရေးဝန်ကြီးက သူတို့ကို အကူအညီပေးတော့မယ်လို့တွေးနေကြတယ်၊ နိုင်ငံခြားရေးဝန်ကြီးဦးအုန်းကျော်နဲ့ စကားပြောရလို့ မျက်နှာတွေကလည်းပြုံးလို့ပျော်လို့ပေါ့ လေ၊ နောက်တော့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးအုန်းကျော်က ...camp ထဲက အင်မီဂရေးရှင်းရုံး မှာ ရဲအရာရှိတွေရော၊ အင်မီဂရေးရှင်းအရာရှိတွေကိုပါ ပြောသွားသတဲ့... ဗမာစကားပြောတတ်တိုင်း ဗမာနိုင်ငံသားမဟုတ်ဘူးတဲ့..
မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားကို အလုပ်ထွက်လုပ်တာဆိုလို့ ဆရာဝန်ရယ်..အင်င်္ဂျင်နီယာရယ်..သူနာပြုရယ် ပဲ ရှိတာပါတဲ့...ဒီအခု camp ထဲရှိနေတဲ့ ဗမာစကားပြောတဲ့သူတွေဟာ မြန်မာနိုင်ငံသားလို့ပြောလို့မရဘူး၊လို့ ပြောသွားတယ်ဆိုတာ ..camp ထဲမှာလုံခြုံရေးစောင့်တဲ့ ရဲ က ပြန်ပြောပြလို့ သိရတဲ့အခါ .....မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းကျော်ကို ဆဲ လိုက်ကြတာ..မိုးမွန်သွားတယ်ဆိုပဲ ...အဲသလို အော်ပရာစီလို့ခေါ်တဲ့ နိုင်ငံခြားသားစစ်ဆင်ရေးလုပ်တယ်ဆိုတာ နိုင်ငံခြားသားတွေအနေများတဲ့နေရာတွေမှာ ညဖက် ၂.၃၀ - ၃.၃၀ နာရီအချိန်မျိုးတွေ၊အလုပ်ကပင်ပန်းပြီးအိပ်မောကျနေတဲ့အချိန်တွေမှာ စစ်ရဲတွေက M.16 တွေကိုင်ပြီး ဘေးကနေ၀ိုင်း စောင့်နေပြီးတော့. အပါ့တ်မန့်တွေ၊ ဘလောက်ဒ်တွေကို တအိမ်ချင်း တခန်းချင်းကို ၀င်စစ်တယ်၊တံခါးခေါက်လို့ တံခါးမဖွင့်ပေးရင် သံတံခါးကို ကပ်ကျေးအကြီးစားနဲ့ ကိုက်ဖြတ်ပြီးဝင်တယ်၊သော့တွေခပ်ထားရင်လည်းရိုက်ဖျက်ပြီးဝင်တာ၊ အဲဒီမှာ အခုလည်းရှိတယ်၊ RELA လို့ခေါ်တဲ့ ..မလေးရှားမှာအလုပ်မလုပ်တဲ့မလေးငပျင်းတွေ၊ အလုပ်အကိုင်မရှိတဲ့ မလေးအိန္ဒိယတွေအများစုပါ၊ သူတို့တွေပါ ပါတယ်၊ အဲဒီကောင်တွေက ယူနီဖေါင်းက စစ်ရောင်၊ ဦးထုပ်က ဘယ်ရီကပ်ဒ် အ၀ါရောင်တွေ ဆောင်းထားကြတာ၊အဲဒီကောင်တွေက ရဲရော၊အင်မီဂရေးရှင်းရော၊သူတို့ရှေ့ကနေ အတင်းဝင်ပြီး ရမ်းရမ်းကားကားဆက်ဆံကြတယ်၊ ပိုဆိုးတာက နိုင်ငံခြားသားတွေရဲ့အဖိုးတန်နာရီတို့၊လက်ဝတ်ရတနာ ရွှေတို့၊ အ၀တ်အစားကောင်းတွေပါ ယူသွားတာပါပဲ၊ တကယ့်ကို သွေးပျက်စရာပါပဲ၊တချို့များဆို ကြောက်ပြီး အထပ်လေးထပ် ခေါင်မိုးပေါ်တက်ပြေးကြ၊ နောက်ကလည်း ရဲ က လိုက် ..နဲ့ .တချို့ဆိုရင် အဲဒီလေးထပ် အဆောက်အဦးပေါ်မှာ ပြုတ်ကျပြီးသေတာတွေတောင်ရှိတယ်၊ အခုလည်း RELA ဆိုတာရှိတယ်၊ အလုပ်မရှိအကိုင်မရှိ၊ အလုပ်မလုပ်ချင်တဲ့ မလေးတွေ၊ မလေးအိန္ဒိယလူမျိုးတွေကို ၀န်ကြီးချုပ်မဟာသီအလွန် တက်လာတဲ့ ၀န်ကြီးချုပ်အက်ဒ်ဗဒူလာဘာဒါဝီ လက်ထက်က အလုပ်ပေးထားတဲ့သဘောပဲ၊ အစကတော့လခရယ်လို့မပေးပဲ ရဲတွေအတွက်အကူသဘောမျိုးဖွဲ့ထားပေးပေမဲ့ အဲဒီ RELA တွေလုတာ၊ယက်တာတွေ ၊ လမ်းသွားနေရင်းနဲ့ကို နိုင်ငံခြားသားတွေ့ရင် RELA က စစ်လားဆေးလားနဲ့အတင့်ရဲလာတာကိုတွေ့ရတော့တယ်၊ ရဲ ထက် RELA ဆိုတဲ့ကောင်တွေက လက်စွမ်းပြလာလိုက်တာ ရဲ တွေတောင် စားပေါက်ပိတ်ကုန်သလိုဖြစ်လာလို့ ရဲ တွေကလည်း သူတို့ ရဲချုပ်တွေဆီကို RELA တွေက နိုင်ငံခြားသားတွေဆီကနေ ပစ္စည်းတွေယူတာ၊သိမ်းတာ၊ခိုးတာတွေကို တင်ပြပြီး တိုင်တန်းလာကြတဲ့အထိ ဖြစ်လာလို့ အခု RELA က အရင်လို မသောင်းကျန်းတော့ဘူး၊ အခုဒီဖက်ပိုင်းမှာ ဘာလုပ်လာသလဲဆိုရင် အဲဒီ RELA က နေ့ခင်းဖက်ဆိုရင် RELA ...ညဖက်ရောက်ရင် လုတဲ့ယက်တဲ့သူခိုး လိုမျိုးဖြစ်လာတယ်၊
သူတို့က နိုင်ငံခြားသားနေတဲ့အိမ်နေရာတွေကို မှတ်ထား. ညဖက်မှာ အိမ်တံခါးကိုလာခေါက် ...ပါစ့်စပိုစ့် ပါမစ် စစ်တယ်ဆိုပြီးအိမ်ထဲရောက်ရင်တော့ အနုကြမ်းစီးတော့တာပါပဲ၊ နောက် .. အော်ပရာစီဖမ်းလို့ နိုင်ငံခြားသားတွေမိပြီဆိုရင်လူတွေက ရာနဲ့ထောင်နဲ့ချီ ပြီးများတော့ လက်ထိပ်ခတ်လို့မရတော့ဘူး၊ လက်ထိပ်ကလည်းရဲ တွေမှာ အဲလောက်အများကြီးမရှိဘူး၊ အော်ပရာစီဝင်ဖမ်းပြီဆိုရင် နံက်.၆.၃၀ နဲ့ ..၇.၃၀ .လောက်မှပြီးတာဆိုတော့ ဖမ်းမိတဲ့နိုင်ငံခြားသားမျိုးစုံကို လက်တွေကို တွေ့ကရာကြိုးနဲ့ ၊ တချို့ဆိုရင်လျှော်ကြိုးလို ပလပ်စတစ်ကြိုးနဲ့တောင်တုပ်ထားပြီးတန်းစီပြီးငုပ်တုတ် လမ်းပေါ်ဘေးနားမှာအထိုင်ခိုင်းထားပြီးတဖြည်းဖြည်းချင်း “ရဲ “ထရပ်ကားပေါ်ကို တင်တာပဲ ..အဲဒီအချိန်မှာ မလေးရှားနိုင်ငံသားအများစုက ၀ိုင်းပြီးကြည့်နေကြတာများ ...အရမ်းရှက်ဖို့ကောင်းတယ်၊အဲလိုတွေဖမ်းပြီဆိုရင်ကိုယ်နဲ့ရွယ်တူတွေရော၊အရွယ်မတူတာတွေရောယောင်္ကျားမိန်းမ အကုန်ထွက်ပြီးကြည့်နေတာ၊ရာဇ၀တ်မှု့ကျုးလွန်တဲ့ရာဇ၀တ်သားကမှ ခပ်တည်တည်အိနြေ္ဒနဲ့  “ ရဲ” ခေါ်ရာကို လိုက်သွားလို့ လူတောင်မသိလိုက်ဘူး။ တရားမ၀င်နေထိုင်မှု့.လ၀ကဥပဒေအရ အဖမ်းခံရတဲ့နိုင်ငံခြားသားများဘ၀မှာတော့ .. လူသားသိက္ခာ နဲ့ ...လူ့အခွင့်အရေးအော်နေသူတွေကို ခေါ်ပြချင်တယ်၊
ဒါလား ...မလေးရှားလူ့အခွင့်အရေး.လား ? လို့ ...မေးချင်တယ်။
တော်တော်ကို ရုပ်ပျက်ဆင်းပျက်ပါပဲ ၊ လူသားသိက္ခာ ဆိုတာ အဲဒီအချိန်မှာ တစက်မှာကို မရှိတော့တာ၊နောက်ပြီး မလေးရှားမှာရှိတဲ့ မလေးလူမျိုး၊ မလေးတရုတ်၊ မလေးအိန္ဒိယလူမျိုးတွေ အားလုံးမှာတူတဲ့အချက်တခုရှိတယ်၊ အဲဒါ ကဘာလဲဆိုတော့ ..ဒီနိုင်ငံသားနဲ့ နိုင်ငံခြားသားဆိုတာကို ပေါ်တင် ခွဲထားတာပဲ။
အဲဒီလူမျိုးသုံးမျိုးဟာ နိုင်ငံခြားသားတွေကိုအထင်သေးအမြင်သေးတဲ့နေရာမှာ တူညီတယ်၊ နိုင်ငံခြားနဲ့ပြသာနာဖြစ်ရင် အဲဒီလူမျိုးသုံးမျိုးက ၀ိုင်း သမ တာတွေမှာ တူညီတယ်၊ ပိုဆိုးလာတာက ဒီဖက်ပိုင်းမှာမလေးရှားကို ပွဲစားတွေရဲ့ကောင်းမှု့ကြောင့် တောရွာကလူတွေရော၊အကုန်အစုံရောက်နေတော့ဘာတွေဖြစ်လာလဲဆိုတဲ့အခါ ကျနော်တို့မြန်မာနိုင်ငံတောနေလူတန်းစားဟာ ရိုးတယ်၊ အတယ်၊ တောသဘာဝအတိုင်းပဲနေတယ်ပြောတယ်၊ မသိတာကများတယ်၊တော်တော်များများက သိအောင်လည်းမကျိုးစားဘူး၊မလေ့လာဘူး၊ ဒီတော့ အမှားအမှန် ၊ ရဲ တယောက်ရဲ့လုပ်ပိုင်ခွင့်ဆိုတာကို မသိနားမလည်ဘူး၊ ရဲ တွေ့တာနဲ့ပိုက်ဆံပေးဖို့လောက်ပဲ စဉ်းစားထားတော့ ...ရဲ ကလည်း ပါမစ် မှန် တယ်မမှန်ဘူး ဆိုတာထက် လူကို နေရာအနှံ့ တန်းရှာတော့တာပဲ ...အဲလိုဖြစ်လာတယ်။ တချို့ကလည်း တချို့ ပွဲစားတွေကမြှောက်ပေးထားတာကို အဟုတ်မှတ်ပြီး ကိုယ့်မှာအလုပ်လုပ်ခွင့်ပါမစ်အမှန်ရှိတယ်ဆိုပြီး ရဲ ကို လည်း မတောက်တခေါက်
မလေးစကားနဲ့မချေမငံဆက်ဆံတော့ ရဲ ကို ထုတ်ပြတဲ့ ပါစ့်စပိုစ့် နဲ့ ပါမစ်ကို ရဲ ဆွဲ ဆုတ်ပစ်လိုက်တယ်။.. ပြီးတော့ လွှင့်ပစ်လိုက်တယ်၊ ပြီးတော့ ဘာမှ မရှိ ...ဆိုပြီးတော့ တခါတည်း အချုပ်ထဲတန်းထည့်လိုက်ပြီး camp ထဲကို တန်းပို့လိုက်တာပဲ။
ဒီနေရာမှာကျနော်ပြောချင်တာတခုရှိတယ်၊ နိုင်ငံတခုက တရားဝင်အသိအမှတ်ပြုပြီးထုတ်ပေးထားတဲ့နိုင်ငံကူးစာအုပ်ဟာ ထုတ်ပေးထားတဲ့ နိုင်ငံတခုရဲ့ ကိုယ်စားပဲ၊ ဆွဲဆုတ်ပစ်လိုက်တာဟာ အဲဒီထုတ်ပေးထားတဲ့နိုင်ငံကို စော်ကားလိုက်ခြင်းပါပဲ။ ဒါမျိုးဖြစ်စဉ်ဖြစ်ရပ်တွေကို မြန်မာသံရုံး ကတာဝန်ရှိတဲ့သူတွေဟာဒီအတို်င်း ငြိမ်ခံမနေသင့်ဘူး၊ ပြင်းပြင်းထန်ထန်ကို ကန့်ကွက် ပြီး တိုင်ကြားသင့်တယ်၊ ဒါပေမဲ့ ...မြန်မာသံရုံးက တာဝန်ရှိသူတွေဟာ သူတို့နိုင်တာ ကိုယ့်လူမျိုးအချင်းချင်းတွေကိုပဲ သူတို့ အနိုင်ကျင့်တတ်တာ တခုကလွဲပြီးဘာမှမသိဘူး ၊စိတ်မ၀င်စားဘူးဆိုတာ သက်သေပဲ။
အဲဒါတွေကို ကြားရသိရ တဲ့အခါ ကျနော် ရင်နာလာတယ်၊ ဒါတွေကိုခံစားလာရတာကြာတော့ စာရေးချင်လာတယ်၊ ပြောချင်လာတယ်၊ အဲဒါဟာ ကျနော်စာရေးဖြစ်လာတဲ့အကြောင်းတရားတွေပါပဲ။ ကိုယ့်လူမျိုးတွေကိုလည်း အားမလိုအားမရဖြစ်၊ ကြာတော့ သနားလာတယ်၊ အသေးစိတ်ထပ်ပြီးစဉ်းစားမိတဲ့အခါမြန်မာစစ်အစိုးရ ကို ပိုပြီးစိတ်နာလာတယ်၊ တိုင်းပြည်ဂုဏ်သိက္ခာနဲ့လူမျိုးဂုဏ်သိက္ခာဆိုတာ ဘယ်နေမှန်းတောင်မသိတော့ဘူး၊ ဒါတွေအားလုံးဟာ မိမိတိုင်းပြည် စစ်အစိုးရ ရဲ့ အာဏာငမ်းငမ်းတက်မက်မောမှု့၊ ညံ့ဖျင်းစုတ်ခြာတဲ့ အရည်အချင်းတွေကြောင့်ဖြစ်လာတာဖြစ်တယ်။
ဒီဖက်ပိုင်းတွေမှာ သိသာလာတဲ့အပြောင်းအလဲက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အန်တီစု ရဲ့ဂုဏ်သတင်းတွေ၊သြဇာတိက္ကမတွေဟာကမ္ဘာမှာလျှမ်းလျှမ်းတောက်ဖြစ်လာတာ .ကြောင့် ဒီနိုင်ငံသားတွေက တခြားလူမျိုးနိုင်ငံခြားသားနဲ့စာရင် အသိအမှတ်ပြုလာတာကိုတွေ့ ရတယ်၊ ဒေါ်စု ရဲ့ သြဇာနဲ့ ဂုဏ်သိက္ခာဟာ ဒီနိုင်ငံသားဘိန်းစားကတောင် သိတယ်.. အဲလိုဖြစ်လာတဲ့အတွက် အရင့်အရင်တွေကနဲ့စာရင် ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ နင်းပြားဘ၀တွေပေမဲ့ ...ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုင်းပြည်ကလူမျိုးတွေဆိုတဲ့အသိအမှတ်ပြုတာလေးတွေတော့တိုးတက်လာတာတွေ့ရပါတယ်၊ ဒါပေမဲ့ ...ရဲ တို့ ကတော့ နှိပ်စက်နေမြဲတုန်းပဲနော်။
....နောက်.. ၁၉၉၇ မှာ မြန်မာနိုင်ငံ အာစီယံထဲကို မလေးရှားအစိုးရ၀န်ကြီးချုပ်ဒေါက်တာမဟာသီယာမိုဟာမက်ကအာစီယံဥက္ကဌဖြစ်နေတဲ့အချိန်မှာ ဆွဲသွင်းလိုက်ပါတယ်။ ဒါကလည်း ၀န်ကြီးချုပ်ဖြစ်တဲ့ မဟာသီကလည်း သူ့တွက်ကိန်းနဲ့သူ ပါ၊ မြန်မာစစ်အစိုးရဆီကသူမျှော်လင့်တဲ့စီးပွားရေးလုပ်ကွက်တွေကိုရတာထက် အနောက်နိုင်ငံ..အထူးသဖြင့် အမေရိကန်က ဒေါ်လာဈေးကိုမြင့်ပြီး မလေးငွေ ရင်းဂစ်ကိုကစားပေးလိုက်တယ်၊ အဲဒီမှာ ထိုင်းနိုင်ငံထက် မလေးရှားတော်တော်ခံလိုက်ရတယ်၊ ဘဏ်တွေမှာငွေမထုတ်ပေးနိုင်တော့ဘူး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းသွားတယ်၊ နောက် မဟာသီအပြေးအလွှားအမေရိကန်ကို သွားပြီး ညှိလိုက်ရတယ်၊ သဘောတူညီချက်ရပြီး မလေးပြန်ရောက်လာတဲ့အခါ မှာ ဒေါ်လာနဲ့ မလေးရှားရင်းဂစ်ငွေဈေးဟာ U$ တဒေါ်လာကို မလေးရှားရင်းဂစ် ..၂.၅၀. ကနေ ...၃.၇၀ ဖြစ်သွားတယ်၊ မလေးငွေဈေးကျဆင်းသွားတယ်ပေါ့၊ အခုလက်ရှိ ကို U$ တဒေါ်လာနဲ့ မလေးငွေလဲလှယ်နှုန်းဟာ
တရားဝင် money changer မှာကိုU$ တဒေါ်လာကို မလေးငွေ .၃.၂၀ ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ နိုင်ငံတကာက ၀ိုင်းပယ်ထားတဲ့ မြန်မာစစ်အစိုးရကို မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အာစီယံထဲကို ခေါ်သွင်းလိုက်တဲ့အကျိုးကျေးဇူးပါပဲ။
အဲဒီအချိန်တုန်းကမြန်မာနိုင်ငံမှာ ဗိုလ်ခင်ညွန့်ကောင်းစားနေစဉ်ပေါ့ ၊ နောက်အဖြစ်အပျက်တခုက ..သံရုံးမှာ တကယ်အစစ်အမှန် ပါစ့်စပိုစ့်ပျောက်သွားလို့ သံရုံးကို သွားပြီးအကြောင်းကြားတဲ့သူတဦးရှိတယ်။ နံမည်တော့မပြောတော့ပါဘူး.. သူ့ကို ကြည်ကြည်စိန်က ဘယ်လောက်နဲ့ပျောက်သွားတာလဲ..? လို့မေးလိုက်ပါတယ်။
သူဆိုလိုချင်တာက ပါစ့်စပိုစ့်စာအုပ်ကို ရောင်းစားပစ်တယ်လို့ သူပြောလိုက်တာပါ၊ အဲဒီကာလက မြန်မာပါစ့်စပိုစ့်စာအုပ်က အရောင်းအ၀ယ်ဖြစ်ပါတယ်။များသောအားဖြင့်ဗမာ ဗမာအချင်းချင်းခိုးကြတာပါပဲ.၊ ကျနော့်သူငယ်ချင်းက သူ ရောင်းစားတာမဟုတ်တဲ့အကြောင်းပဲသေချာပြောပါတယ်။ ကြည်ကြည်စိန်ကလုံးဝလက်မခံပါဘူး၊ နောက်ဆုံးကျနော်သူငယ်ချင်း က ဒေါသတွေဖြစ်ဆဲဆိုပြီးသံရုံးထဲကနေ ထွက်လာပြီး ကျနော့်ကိုမေးပါတယ်။ မင်း ..ဒီအနီးအနားမှာ အုတ်ခဲပုံတွေဘာတွေမရှိဘူးလား မေးတော့ ..ကျနော်က ဟိုနားမှာ အဆောက်အဦးဆောက်နေတဲ့ နေရာရှိတယ်၊ အဲဒီမှာအုတ်ခဲတွေရှိတယ်..ငါသွားယူမယ်.မင်း သံရုံးကို အုတ်ခဲ နဲ့ ထု မလို့လား ..မေးတော့ ...အေး ထုမယ်ကွာ... ပြောပြီးသူ့ပါးစပ်ကလည်း ဆဲဆိုနေပါတယ်၊ နောက်ကျနော်လည်း အဆောက်အဦးအသစ်ဆောက်နေတဲ့နားကိုသွားပြီးအုတ်ခဲ သုံးလုံး ကို ယူလာပြီး သူ့ကို နှစ်လုံးပေး ...ကျနော်က အုတ်ခဲတလုံးကို ခါးလည်က ထက်ပိုင်းချိုးပြီး သံရုံး ရဲ့ ဆိုင်းဘုတ်ခ်ကို အုတ်ခဲတွေနဲ့ ထုပါတော့တယ်၊ ကျနော်လည်းထု ..သူလည်းထု ပေါ့ ၊ဒီကောင်က သံရုံးထဲကိုလည်း အုတ်ခဲကျိုးနဲ့လှမ်းထုလိုက်သေးတယ်၊ အဲလိုထုလိုက်တော့ သံရုံးထဲကနေဆူဆူညံညံအသံတွေနဲ့အတူ သံရုံးဆိုင်းဘုတ်ခ်ဟာ ဒဏ်ရာဒဏ်ချက်တွေ..နဲ့စုတ်ပြတ်သတ်ကုန်ပါတော့ တယ်။ ကျနော်ကတော့ အခြေအနေကိုသိထားတဲ့အတွက် ..ကျနော့်သူငယ်ချင်းကို ပြေးရအောင်ခေါ်ပါသေးတယ်၊ ဒီကောင်က ဒေါသတွေသိပ်ကြီးပြီးရပ်ရင်းအော်ဆဲနေတဲ့အတွက် ပတ္တရောင် ရဲ ကားေ၇ာက်လာပြီးကျနော့်သူငယ်ချင်းမိတ်ဆွေကို CAMP ထဲကို ပို့လိုက်ပါတော့တယ်၊ နောက်ထပ်ကြားရတာကတော့ အဆိုပါ ကျနော့်သူငယ်ချင်းမိတ်ဆွေရဲ့ဖခင်ဟာ အဲဒီအချိန်က ဗိုလ်ခင်ညွန့်ဘေးကအမြဲတမ်းလိုက်နေရတဲ့ ဒု.ဗိုလ်မှုးကြီးတဦးရဲ့ သားဖြစ်နေတာပါပဲ။ ဒီကောင် camp ထဲကနေ ရဲ တွေဆီက ဖုန်းကို ပိုက်ဆံပေးပြီး ဗမာပြည်ရှိ သူ့အဖေဆီကို အကျိုးအကြောင်းလှမ်းပြောလိုက်တာ နဲ့ ...မြန်မာနိုင်ငံသားအများကို စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်လုပ်ပြီးစားသောက်နေတဲ့ မကြည်ကြည်စိန်လည်း မြန်မာပြည်ကို ပြောင်းရွေ့ လိုက်တာခံလိုက်ရတယ်ဆိုတဲ့နောက်ဆက်တွဲ သတင်းပါပဲ။ အဲဒီကျနော့်သူငယ်ချင်းမိတ်ဆွေလည်း အဲဒီအချိန်က စပြီး ကျနော်တို့နဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။
ကျနော်လည်းအဲဒီလိုနဲ့ ပါမစ် မရှိ ၊ စာအုပ်မရှိနဲ့ သတိနဲ့ ခပ်တည်တည်ပဲနေလိုက်တာ ..၂၀၁၀-၂၀၁၁ ပါစ့်စပိုစ့်တွေအသစ်မည်သူမဆိုပြန်လျှောက်လို့ရပြီဆိုတဲ့အခါမှာ လိုအပ်တဲ့စာရွက်စာတမ်း လှမ်းမှာပြီး လျှောက်ထားလိုက်ပါတယ်။ ခုချိန်ထိတော့ ကျနော့်လက်ထဲမရှိသေးပါဘူး၊
လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစပြီး မလေးရှားမှာ ဟိုးအရင်ကမရှိခဲ့တဲ့ ယူအင်..UN.မှာ ဒုက္ခသည် အမည်ခံပြီး အမေရိကန် သွားတာ၊ ဥရောပနိုင်ငံတွေကိုသွားတာတွေ တော်တော်ခေတ်စားလာခဲ့ပါတယ်၊ အစကတော့ နိုင်ငံရေးအရ ဗမာပြည်ပြန်မရတဲ့သူတွေဆိုရင် ယူအင်က ဒုက္ခသည်အသိအမှတ်ပြုပေးတယ်။ပြီးရင်အမေရိကန်တို့ အင်္ဂလန်တို့ ဥရောပ နိုင်ငံတွေကိုပို့ပေးတယ်လို့ ဆိုတဲ့အတွက် မလေးရှားမြန်မာသံရုံးဆန္ဒပြပွဲတွေဟာ တော်တော်စည်ပါတယ်။ နောက် မလေးရှားနိုင်ငံထုတ်သတင်းစာတွေထဲမှာ ဓါတ်ပုံနဲ့တကွ ဖေါ်ပြခံရတယ်ဆိုရင် ပိုလို့တောင် မြန်တယ်ဆိုတဲ့အတွက် သူ့ထက်ငါ သတင်းစာဓါတ်ပုံထဲမှာဖေါ်ပြခံရဖို့အလုအယက်ကိုတိုးဝှေ့ပြီးနေရာလုကြရတယ်ဆိုတာကိုလည်းကြားရပါတယ်။ ဒါပေမဲ့ ..အခွင့်အရေးသမားတွေကတော့နေရာတိုင်းမှာရှိနေတာဖြစ်ပေမဲ့ ..တကဲ့ကို တိုင်းပြည်အတွက် စိတ်ကောင်းစေတနာနဲ့လုပ်ပေးကြတဲ့အဖွဲ့အစည်းတွေလည်း မလေးရှားမှာလည်းရှိခဲ့တယ်ဆိုတာကို လက်ခံပေးရပါ လိမ့်မယ်။
လက်ရှိမှာတော့တိုင်းရင်းသားအဖွဲ့အစည်းတွေကများပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေထဲကနေပြန်ကြားရတာကတော့ ခရစ်ယာန် ဖြစ် လို့ ယူအင်က ပို့ပေးတာ၊ အမေရိကန်ဆိုတာ ခရစ်ယာန်ကိုးကွယ်တဲ့နိုင်ငံ ပဲ...အစရှိသဖြင့် ပြောသံဆိုသံတွေအပြင်ကိုလျှံထွက်လာခဲ့ပြန်ပါတယ်၊ အမှန်ကတော့ UN ဟာခရစ်ယာန်မို့လို့ ၊ အစ္စလာန်မို့လို့ ၊ ဗုဒ္ဒဘာသာမို့လို့ ဆိုတာ မဟုတ်ပါဘူး၊ ကျနော်တို့တိုင်းရင်းသားဒေသတွေမှာဖွံ့ဖြိုးမှု့အရမ်းနောက်ကျ ပြီး တိုင်းရင်းသားတွေဟာ အစားဆင်းရဲ၊ အနေဆင်းရဲ ၊ပညာရေးလည်းနိမ့်ကျ၊ ဒုက္ခအမျိုးမျိုးကြုံနေ ရတာကလည်း မျက်မြင်ပါပဲ၊ အဲဒီအထဲကမှ အဖက်ဖက်ကအဆိုးဝါးဆုံးအခြေအနေဟာ ချင်းပြည်နယ်ဆိုရင်မမှားပါဘူး၊ ဒါကြောင့် ချင်းလူမျိုးတွေကို UN လျှောက်ရင် လက်ခံပါတယ်၊ဘယ်တိုင်းရင်းသားဖြစ်ဖြစ် လက်ခံပေးပါတယ်၊ ခရစ်ယာန်ဘာသာဝင်ဖြစ်လို့ရယ်လို့တော့မဟုတ်ပါဘူး၊ နောက်ပြီး အမေရိကန်နိုင်ငံဟာလည်း နိုင်ငံတော်ဘာသာ ဟာ ခရစ်ယာန်ဘာသာလို့ပြဌာန်းပေးထားတာမရှိပါဘူး၊
အမေရိကန်နိုင်ငံမှာ ခရစ်ယာန်ကိုးကွယ်သူအများစုနေထိုင်ပေမဲ့ နိုင်ငံတော်ဘာသာရယ်လို့တော့ မရှိဘူးဆိုတာကို သိစေချင်ပါတယ်။ နောက်တခါ ယူအင်ကနေ ဒုက္ခသည်ကဒ် တွေ ထုတ်ပေးတာ၊ နောက် တိုင်းရင်းသားအဖွဲ့အစည်းကဒ်တွေနဲ့နေထိုင်ပြီး အလုပ်ဝင်လုပ်ကြပါ တော့တယ်။ အမှန်ကတော့ တိုင်းရင်းသားကဒ်တွေ၊ ယူအင်ကဒ်တွေ ကိုင်ဆောင်သူတွေအားလုံးဟာ တရားဝင်အလုပ်လုပ်ခွင့်တော့မရှိပေမဲ့ ...ဒီဒုက္ခသည်ကဒ် ကိုင်ထားသူတွေဟာ ဈေးပေါပေါနဲ့ပေးချင်သလောက်ပေးပြီးခိုင်းလို့ရတဲ့အတွက် အလုပ်ရှင်တွေကလည်းခိုင်းနေကြတာပါပဲ၊ မလေးရှား ရဲ ကလည်း မြန်မာပြည်လက်ရှိအစိုးရနဲ့ နင်လားငါလားပါ ပဲ.အုပ်ချုပ်သူအထက်ပိုင်းက ပြောချင်တာပြော၊ အုပ်ချုပ်သူ အောက်ခြေပိုင်း အထူးသဖြင့်တော့ ရဲ တွေဟာ လာဘ်စားပြီး မသိကျိုးကျွံ ပြုပြီးနေလိုက်တာပါပဲ..တပိုင်းကပြန်ကြည့်ရင်တော့ လည်း ကိုယ့်တိုင်းရင်းသားတွေ အလုပ်ရတယ်ဆိုပေမဲ့ တော်တော့်ကို နှိမ်ထားတာပါ၊ အဲဒီမှာ ဘာပြဿနာတွေထပ်ဖြစ်လာလည်းဆိုတာကတော့ တရားဝင် ပါမစ်နဲ့ လာပြီးအလုပ်လုပ်သူတွေမှာတော့ အောက်ခြေ ရဲ က အစစ်အဆေးအမေးအမြန်း များပြီး UN ...ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူဆိုရင် ရဲ က သိပ်ပြီးတော့တောင် မစစ်မမေးမြန်းပဲရှိလာတဲ့အခြေအနေတခုပါပဲ။ အဲဒီအခြေအနေ တခုဟာလည်း လက်ရှိမလေးရှားမှာ တော်တော်အခြေအနေဆိုးပါတယ်။ ဒုက္ခသည်ကဒ်နဲ့ အလုပ်လုပ်တာ မိရင် မဖမ်းတော့ပဲအဲဒီဒုက္ခသည်အလုပ်သမားဆီကနေ ရဲ က ငွေ ညှစ် ပါတော့တယ်။ အလုပ်လုပ်ခွင့်တရားဝင်ပါမစ်နဲ့ လာတဲ့သူတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီးခြိမ်းခြောက်ငွေတောင်းရုံတင်မကတော့ပဲ ..အလုပ်သမားတယောက်ကိုစစ်ဆေးပြီဆိုရင်ပါမစ် မှန်မမှန် စစ်ဆေးတာထက် လူတကိုယ်လုံးကို အကုန်နှိုက်ပြီး အနုကြမ်းစီးသလို လုပ်နေတာကလည်း လက်ရှိအချိန်ထိပါပဲ။ အခု ကျနော် ဒီဆောာင်းကို ရေးမလို့ လုပ်နေစဉ်... 2. 1. 2013 . ရက်နေ့က ကျနော့်အထက်ကတင်ပြခဲ့သလို ..ကျနော်သူငယ်ချင်းအောင်ကျော်ဟာ ပါမစ် သက်တမ်းတိုးထားတဲ့စာရွက်မိတ္တူ ရယ်..ပါစ့်စပိုစ့် မိတ္တူ ရယ်..အေးဂျင့် က စရံငွေလက်ခံထားတဲ့ ငွေပေးဖြတ်ပိုင်းရယ်ပါ ပြပေမဲ့. ... အောက်ခြေ ရဲ ကတော့ အတင်း ဖမ်းဆီးသွားပါတော့တယ်။ ပြီးရင် မတန်တဆငွေတောင်းပါတော့မယ်။ မပေးနိုင်ရင် ...camp ထဲကိုပို့ပါတော့မယ်။ ကျနော်လည်း အောင်ကျော်ရဲ့အေးဂျင့် ပြောတဲ့ သုံးလေးရက်လောက်ရှိရင် သက်တမ်းတိုးထားတဲ့ပါမစ်ရယ် ပါစ့်စပိုစ့်ရယ် ကျလာပါပြီ...အဲဒီအခါကျရင် ကျမတို့ အကို ကို ဖုန်းဆက်ပြီးအကိုနဲ့ အတူ အကိုသူငယ်ချင်းကို လိုက်ထုတ်ပေးပါ့မယ်ဆိုပေမဲ့ ...မလေးစကားလဲ သိပ်မတတ်၊တက္ကသိုလ်ကျောင်းသားဖြစ်ပေမဲ့..အရာရာမှအားနည်းချက်တွေနဲ့ပြည့်နေတဲ့၊.ကျနော့်ကို အားကိုးတကြီးရှိသော ကျနော့်မိတ်ဆွေသူငယ်ချင်းအောင်ကျော်ကတော့ ရဲစခန်းသံတိုင်ကြား ကနေ ကျနော့်ကိုမျှော်နေမလား ..? သို့မဟုတ် ...camp လို့ ခေါ်တဲ့ နိုင်ငံခြားသားများသီးသန့်ထားရှိတဲ့ထောင် ကနေ ပဲ ကျနော့်ကို မျှော်နေရှာရော့မယ်...................။
ကျနော်ရေးခဲ့သော နှစ်ဆယ့်တနှစ်တာ မလေးရှားမှာ နှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း အပိုင်း (၃) နိဂုံးပိုင်းဒီမှာတင်ပြီးဆုံးပါပြီလို့....
ကျနော်မောင်လူဝေး ပါ ..
kualalumpur, malaysia.
Comments