တိပိဋကကျောင်းမှ နှစ်သစ်ဦး ဆုတောင်းမေတ္တာပို့ အလှူဒါနပွဲ
ကျော်ဟုန်း
ဇန်န၀ါရီ ၃၊ ၂၀၁၃
ကျော်ဟုန်း
ဇန်န၀ါရီ ၃၊ ၂၀၁၃
ဗုဒ္ဓဘုရားရှင်အား ရည်စူးကာ ဆွမ်း၊ ချိုချဉ်ခဲဖွယ်များ ကပ်လှူခြင်း၊ သံဃာတော်အား ဆွမ်းကပ်လှူခြင်းများကို ဆီယက်တဲလ်ဝန်းကျင်နေ မြန်မာမိသားစုများက စုပေါင်းကုသိုလ်ပြုလုပ်ကာ တရားနာခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်းဆုတောင်းမေတ္တာပို့ ခြင်းများနဲ့  ၂၀၁၃ နှစ်သစ်ဦးကို မင်္ဂလာရှိစွာ ဖွင့်လှစ်ခဲ့ကြပါတယ်။
ဝတ်ရွတ်ပူဇော်ခြင်းကို တိပိဋကကျောင်းမှ ဂေါပကအဖွဲ့ ၊ ဦးလှမြင့်၊ ဒေါ်စိန်မြဦးဆောင်သော (ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း)နဲ့  ဓမ္မမိတ်ဆွေများက စုပေါင်းရွတ်ဆို ဒါနပြုကြတာပါ။ ကျောင်းထိုင်ဆရာတော် အရှင်နန္ဒသာရက “ နှစ်ဟောင်းမှ မကောင်းမှုများကို စွန့် ပယ် ကာ ကောင်းမှုများကိုသတိရ ပြန့် ပွားရန်လိုကြောင်း၊ တရားဝိပဿနာရှုမှတ်ခြင်းဟာ နေ့ စဉ်ထက် နေစဉ်ကာလတိုင်းတွင် ရှုမှတ်နိုင်ကြောင်း၊ လောဘ၊ဒေါသ၊မောဟများကိုပယ်နိုင်သမျှပယ်ဖို့ ကို ကျင့်ကြံရမည်ဖြစ်ကြောင်း၊ ဆန့် ကျင်ဘက်ဖြစ်လျှင် ဒေါသဖြစ်နိုင်၍ အကုသိုလ်ဖြစ်ကာ မငြိမ်းချမ်းနိုင်ကြောင်း၊ တဦးနဲ့ တဦးအပြန်အလှန်မေတ္တာထားခြင်း၊ ကောင်းမှုကုသိုလ်များကိုပြုလုပ်ကာ လမ်းပြ ခေါ်ဆောင်ခြင်းများကို ဗုဒ္ဓဘာသာဝင်တို့ ပြုအပ်ကြောင်း”နည်းလမ်းကောင်းများအား ညွှန်ပြဟောပြောတော်မူပြီးမြန်မာနိုင်ငံအပါအဝင် ကမ္ဘာသူကမ္ဘာသားများ၊ (၃၁)ဘုံ ဝေနေယျသတ္တဝါအပေါင်းတို့ အားရည်စူးကာ ကောင်းမှုများကို အမျှအတမ်းဝေခဲ့ကြပါတယ်။ တရားနာအပြီးမှာ ဆရာတော် အရှင် နန္ဒသာရအား နဝကမ္မအလှူငွေများလဲ ကပ်လှူခဲ့ကြပါသေးတယ်။
ဒါ့အပြင် ကျိုက္ကလော့ဆရာတော် ဘဒ္ဒ န္တ ဒေါက်တာ စန္ဒာဝရာဘိဝံသ ဟောကြားတော်မူခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်တရားmp3 ကို ဒေါ်သီတာ စိုးပိုင်မှလည်းကောင်း၊ တရားတော်ပေါင်းချုပ် အမှတ်(၅)ကို ကိုမွန်း၊မအန်းမိသားစုမှ လည်းကောင်း၊ သစ္စာတရားတော်များကို ဦးမင်းဟန်၊ဒေါ်ရီရီဌေးမိသားစုမှလည်းကောင်း ဓမ္မဒါနပြုကာ ကြွရောက်လာတဲ့ဓမ္မမိတ်ဆွေများကို ဖြန့် ဝေခဲ့ကြပါတယ်။
ကြွရောက်လာတဲ့ ဓမ္မမိတ်ဆွေများကို ကိုမွန်း၊ မအန်းမိသားစုမှ မြန်မာကြိုက် မုန့် ဟင်းခါး၊ လက်ဖက်ရည်ချို၊ဖွာလူဒါ၊ ပူတင်းမုံ့ များနဲ့ ဧည့်ခံဒါနပြုခဲ့ပြီး ပိရိသတ်(၅၀)ကျော်ခန့် စုပေါင်းပါဝင်ကုသိုလ်ပြုကာ ၂၀၁၃ နှစ်သစ်ဦးကို မင်္ဂလာရှိစွာ ကြိုဆိုခဲ့ကြပါတယ်။ ။
Comments