Return from Metta Nanda Monastic School


မေတ္တာနန္ဒစာသင်ကျောင်းက အပြန်
မိုးမခရုပ်သံ၊ ဇန်န၀ါရီ ၃၊ ၂၀၁၃
          ၂၀၁၂ ဇွန်၊ ဇူလိုင်က ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့နေ အထက်တန်းကျောင်းသူ ညီအမ နှစ်ဦးဖြစ်တဲ့ နုနုနဲ့ ငယ်ငယ်တို့က ဖခင်နဲ့အတူ မြန်မာပြည်ပြန်ချိန်၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်က မေတ္တာနန္ဒ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ အင်္ဂလိပ်စကားပြောသင်တန်းတခု စေတနာ့ဝန်ထမ်း လုပ်အားပေးခဲ့ကြပါတယ်။ အဲသည့်အကြောင်းကို မိုးမခအင်တာဗျူးမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ သည်တခေါက်မှာတော့ သူတို့စာသင်ခဲ့ကြတဲ့ စာသင်ခန်းမြင်ကွင်း၊ အလယ်တန်းကျောင်းသား လူငယ်များရဲ့ စာသင်ကြားပုံနဲ့ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို ရုပ်သံမြင်ကွင်းအဖြစ် တင်ဆက်လိုက်ပါတယ်။
          မြန်မာပြည်ကို ပြည်ပက လူငယ်တွေ ကျောင်းပိတ်ရက်၊ အားလပ်ရက် ပြန်လည်ပတ်ချိန်မှာ စေတနာ့ဝန်ထမ်း လုပ်အားပေးအတွေ့အကြုံနဲ့ မြင်ကွင်းကို မိဘများ၊ လူငယ်များ ကြည့်ရှုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
          သူတို့နဲ့ မိုးမခအင်တာဗျုး ဆောင်းပါးကို သည်နေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
          http://moemaka.com/?p=27262
          ရုပ်သံကတော့ သည်နေရာမှာ ကြည့်ရှုပါ။
         

Comments