Statement.

လက်ပတောင်းအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန်
မိုးမခ
ဇန်န၀ါရီ ၂၀၊ ၂၀၁၃


မုံရွာ လက်ပတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်ပြီး ပြည်သူလူထုနဲ့ သံဃာတော်အများအပြား အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖြို ခွင်းခံရမှုအပြီးမှာ ဖွဲ့စည်းထားခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ (၂/ ၂၀၁၃) သတင်းထုတ်ပြန်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် ၄၈ နာရီအတွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ကြားဖြတ်အစီအရင်ခံစာကိုလည်း နိုင်ငံတော် သမတဆီ တင်ပြဖို့ရှိနေပါတယ်။ အဆိုပါ အစီအရင်ခံစာအနေဖြင့် ကော်မရှင်မှ အများပြည်သူလူထုအတွက် ထုတ်ပြန်ခြင်းမဟုတ်ပဲ အပြီးသတ်အစီအရင်ခံစာ ထုတ်ပြန်သည့်အခါမှသာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာချက်မှာ တွေ့ရပါတယ်။ 

Comments