Zarganar & Home - Motion Video Magaizne #2 - Order Now at 7.00 US$


ဇာဂနာနဲ့ Home Entertainment ၏ ဒုတိယခြေလှမ်း Motion Video Magazine  ဆန်ဖရန်ဘေးဧရိယာမှာ ၀ယ်ယူအားပေးနိုင်ပါပြီ
SF Burmese Community Organizers and Friends၊ မိုးမခ၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၃
နိုဝင်ဘာမှာ ဗီဒီယိုမဂ္ဂဇင်းအမှတ် ၁ ထွက်ခဲ့ပြီး လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပြည်သူများ၏ ခံစားချက်များကို ထုတ်ဖော်ရိုက်ကူးခဲ့လို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အားပေးမှုရခဲ့တဲ့ ကိုဇာဂနာနဲ့ Home Entertainment အဖွဲ့ရဲ့ ဒုတိယခြေလှမ်းအဖြစ် Motion Video Magazine ဒုတိယတွဲ ထွက်ပါပြီ။
ဆန်ဖရန်ဘေးဧရိယာက မြန်မာ့လူမှုရေးလှုံ့ဆော်သူများ၊ မိတ်ဆွေများက မေတ္တာနဲ့ ကူညီရောင်းချပေးနေတာမို့ http://BurmeseCommunity.net နဲ့ မိုးမခမှာ စုံစမ်းမှာယူနိုင်ပါတယ်။ ပထမတခွေတုန်းက အမေရိကန် ၅ ဒေါ်လာမျှနဲ့ ရောင်းချခဲ့ပြီး ယခု ဒုတိယအခွေကိုတော့ အမေရိကန် ၇ ဒေါ်လာနဲ့ ရောင်းချရန် စီစဉ်ထားပါတယ်။
စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တချို့ကတော့ - ကိုမြင့်အေးဇနီးနဲ့ တွေ့ဆုံခြင်း၊ Migrants နဲ့ ကယားတို့ဌာနေ ငွေတောင်ပြည် တို့ပဲ ဖြစ်ပါတယ်။
သည်နေရာကနေ မှာယူနိုင်ပါပြီ။

Comments