betel nut shop

 ကွမ်းယာဆိုင်
မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃


ကွမ်းအစ်ထဲမှာပဲ ရှိခဲ့ဖူးတဲ့ ကွမ်းယာက ဒီနေ့ခေတ်မှာတော့ မြန်မာပြည်ရဲ့ အရောင်းအသွက်ဆုံးပစ္စည်းများထဲမှာ ထိပ်ပိုင်းက ရှိနေမယ် ထင်ပါတယ်။
ကွမ်းယာဆိုင် ဆိုတာကလည်း ပြည်တွင်းမှာသာမက မြန်မာပြည်သားများရောက်ရှိရာ ပြည်ပက မြန်မာရပ်ကွက်တွေမှာပါ တွေ့မြင်နေရပါပြီ။

ပုံမှာ တွေ့ရတာကတော့ သီပေါမြို့တနေရာက ကွမ်းယာဆိုင်ဖြစ်ပါတယ်။


ကွမ်းယာ အရသာက တဆိုင်နဲ့တဆိုင် ကွာခြားသလို ကွမ်းယာထုပ်ပိုးပုံကလည်း တနေရာနဲ့ တနေရာ မတူညီကြပါဘူး။
သီပေါက ဒီဆိုင်ကတော့ ကွမ်းယာကို ငှက်ပျောရွက်တစ်ထပ်၊  ပလပ်စတစ်အိတ်နဲ့ တစ်ထပ် ထုပ်ပိုးထားပါတယ်။
ကွမ်းယာဆိုင်လို့ ဆိုကြပေမယ့် စင်္ကာပူမှာ ၂၄ နာရီဖွင့်တဲ့ 7-11 ဆိုင်တွေလို စုံစီနဖာ ရောင်းတဲ့ဆိုင်တွေ ဖြစ်နေပါပြီလို့ ဆိုရမလောက်ပါပဲ။
ပုံတွေကို ကြည့်ရင် ကွမ်းယာဆိုင်စီးပွားရေး အနေအထားကို ခန့်မှန်းမိကြမယ်လို့ ယူဆပါတယ်။

Comments